(၆) ရက်နေ့၊ တိုကျိုကူးစက်မှုအသစ် ၁၅၉၁ ဦးဖြင့် အမြင့်ဆုံးစံချိန်ထပ်မံချိုးခဲ့ !!!!

ယနေ့ (၆) ရက်နေ့ ဂျပန်အချိန်ညနေ ၃ နာရီခန့်ကရရှိတဲ့သတင်းအရ တိုကျိုတစ်မြို့တည်းမှာပင် ကူးစက်မှုပေါင်း ၁၅၉၁ ဦးရှိကြောင်းအတည်ပြုလိုက်ပါတယ်။ ဒါဟာ ပထမဆုံး လူပေါင်း ၁၅၀၀ ကျော်ခြင်းပဲဖြစ်ပါတယ်.
ယနေ့အထိတိုကျိုရဲ့အရေးကြီးလူနာတွေကတော့ ၁၁၃ ဦးရှိထားပါပြီ။

၁၂ လပိုင်း ၃၁ ရက်နေ့မှာကူးစက်မှု = ၁၃၃၇ ဦးရှိခဲ့
၁ လပိုင်း ၅ ရက်နေ့မှာကူးစက်မှု = ၁၂၇၈ ဦးရှိခဲ့ပြီး
ယနေ့ ၆ ရက်နေ့မှာတော့ ကူးစက်မှု = ၁၅၉၁ ဦးအထိ စံချိန်အသစ်ကိုတက်လာခဲ့ပြီပဲဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20210106/k10012799331000.html?utm_int=all_side_ranking-social_001

 

ယနေ့တိုကျိုကူးစက်မှုမှာ အသက်အရွယ်အားဖြင့် –
အသက် ၁၀ နှစ်မပြည့်သည့်ကလေးများ = ၄၂ ဦး
အသက် ၁၀ နှစ် = ၆၆ ဦး
အသက် ၂၀ နှစ် = ၄၃၉ ဦး
အသက် ၃၀ နှစ် = ၃၂၆ ဦး
အသက် ၄၀ နှစ် = ၂၇၈ ဦး
အသက် ၅၀ နှစ် = ၁၉၆ ဦး
အသက် ၆၀ နှစ်နှင့်အထက်လူကြီးများ = ၂၄၄ ဦးတို့ပဲဖြစ်ပါတယ်။

တိုကျိုမှာလက်ရှိအရေအတွက်အပါအဝင်ကူးစက်ထားသူပေါင်းကတော့ ၆၆၃၄၃ ဦးရှိနေပြီးဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: