(၅) ရက်နေ့၊ တိုကျိုတွင်ဒုတိယအချီ ၁၀၀၀ ကျော်ကူးစက်မှုရှိ !!!

ယနေ့ (၅) ရက်နေ့မှာ တိုကျိုမြို့ကူးစက်မှုအသစ် ၁၂၇၈ ဦးရှိကြောင်းအတည်ပြုလိုက်ပါတယ်။
ဒါဟာ တိုကျိုမြို့တစ်ခုတည်းရဲ့ပမာဏဖြစ်ပြီး၊ မနှစ်က ၂၀၂၀ ခုနှစ်ကအများဆုံးဖြစ်ခဲ့တဲ့ လူပေါင်း ၁၃၃၇ ဦးကူးစက်မှုရဲ့ဒုတိယနေရာမှာရှိပြီး၊ နှစ်သစ် ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံးအကြိမ် ၁၀၀၀ ကျော်ခြင်းပဲဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20210105/k10012797541000.html?utm_int=all_side_ranking-social_001

 

ဒါနဲ့ဆို ၁၀၀၀ ကျော်တာ ၂ ကြိမ်ရှိပါပြီ။
လက်ရှိတိုကျိုမှာအရေးကြီးလူနာကတော့ ၁၁၁ ဦးရှိထားပြီးအများဆုံးအရေအတွက်ဖြစ်ပါတယ်။
အသက် ၁၀ နှစ်အပြည့်သေးတဲ့ကလေးတွေကနေ အသက် ၉၀ အရွယ်အမျိုးသားအမျိုးသမီးစုစုပေါင်း ၁၂၇၈ ဦးဖြစ်ပြီး အသက်အရွယ်အလိုက် –
အသက် ၁၀ နှစ်မပြည့်သေးတဲ့ကလေးများ = ၂၅ ဦး
အသက် ၁၀ နှစ် = ၇၀ ဦး
အသက် ၂၀ နှစ် = ၃၅၆ ဦး
အသက် ၃၀ နှစ် = ၂၅၆ ဦး
အသက် ၄၀ နှစ် = ၂၀၅ ဦး
အသက် ၅၀ နှစ် = ၁၆၃ ဦး
အသက် ၆၀ နှစ်နှင့်အထက်လူကြီးများ = ၂၀၃ ဦးတို့ပဲဖြစ်ပါတယ်။

တိုကျိုမှာတော့ လက်ရှိကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားသူများစုစုပေါင်း ၆၄,၇၅၂ ဦး ရှိထားပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: