(၃၁) ရက်နေ့ တိုကျိုကူးစက်မှု ၁၃၀၀ ကျော်ရှိအကြောင်းအတည်ပြု

ယနေ့ ဒီဇင်ဘာ (၃၁) ရက်နေ့ တိုကျိုကူးစက်မှု ၁၃၀၀ ကျော်ရှိကြောင်းအတည်ပြုလိုက်ပါပြီ။
အမြင့်ဆုံးစံချိန်အသစ်တင်သွားခြင်းဖြစ်ပါတယ်။ အားလုံးမပေါ့ဆဘဲ စည်းကမ်းလိုက်နာဖို့လိုအပ်ကြောင်း ယခုအခြေအနေအားဖြင့်သိနိုင်ပါတယ်။ ယခုလအများဆုံးဖြစ်ခဲ့တဲ့ ၂၆ ရက်နေ့က ကူးစက်သူ ၉၄၉ ဦးထက်အများကြီးကျော်သွားခြင်းဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20201231/k10012791571000.html?utm_int=all_side_ranking-social_001

 

ဒါနဲ့ပတ်သက်ပြီး တိုကျိုအုပ်ချုပ်ရေးမှူး Koike ဟာ “ ကူးစက်မှုအရေအတွက်ကိုတွေ့နေရတာကြောင့် နှစ်သစ်ကြိုဆိုပွဲတွေမလုပ်ကြဖို့ ထပ်မံပြင်းပြစွာတောင်းဆိုချင်ပါတယ်။ အေးတဲ့အခုလိုရာသီမှာ ကူးစက်ပြန့်နှံ့နှုန်းဟာ တကယ့်ကိုပြင်းထန်နေတယ်။ ဒီည countdown တွေလုပ်ကြမယ်လို့ထင်ပေမဲ့၊ သေချာပေါက်ရှောင်ကြဥ်စေချင်ပါတယ်။ ဟိုနေရာ၊ဒီနေရာ ဈေးဝယ်သူတွေနဲ့လူစုလူဝေးလို့ဖြစ်သွားနိုင်ပါတယ်။ တိတ်ဆိတ်စွာနဲ့နှစ်သစ်ကူးကိုအိမ်မှာပဲ ကြိုဆိုပေးစေချင်ပါတယ်” လို့ပြောထားပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: