(၃၀) ရက်နေ့ တိုကျိုကူးစက်မှုအသစ် ၉၄၄ ဦးရှိပြီး၊ တိုကျိုအုပ်ချုပ်ရေးမှု၏ ယနေ့သတင်းစာရှင်းလင်းပွဲ ပြောကြားချက်များ….

တိုကျိုမြို့ ယနေ့ (၃၀) ရက်နေ့အတွက် ကူးစက်လူနာအသစ် ၉၄၄ ဦးရှိကြောင်းအတည်ပြုလိုက်ပါတယ်။
(၂၆) ရက်နေ့ကအများဆုံးဖြစ်ခဲ့တဲ့ ၉၄၉ ဦးထက်မကျော်ပေမဲ့၊ ဒုတိယအများဆုံးမှာရှိနေပါတယ်။
အရေးကြီးလူနာကတော့ ၈၅ ဦးရှိထားပါတယ်။

https://news.tv-asahi.co.jp/news_society/articles/000202745.html

 

ကူးစက်သူများထဲမှာနှစ်အလိုက်အားဖြင့်ကြည့်ရင် –
အသက် ၂၀ နှစ် = ၂၄၉ ဦး (အများဆုံး)
အသက် ၃၀ နှစ် = ၁၇၈ ဦး ဖြစ်ပြီး၊ ဒီ ၂ ခုပေါင်းခြင်းကပဲ စုစုပေါင်းရဲ့ထက်ဝက်နီးပါးလောက်ရှိပါတယ်။
ရောဂါလက္ခဏာပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်နှင့်အထက်လူကြီးများကတော့ = ၁၀၅ ဦးဖြစ်ပါတယ်။
လက်ရှိအရေးကြီးလူနာကတော့ ၈၅ ဦးရှိပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး ယနေ့ ၃၀ ရက်နေ့မှာ တိုကျိုအစိုးရကသတင်းရှင်းလင်းပွဲပြုလုပ်ပြီး “ တစ်ခါမှမကြုံဖူးတဲ့ကြီးမားတဲ့ တတိယလှိုင်းက တိုက်ခိုက်နေတယ်။ ဘယ်လောက်ပဲကြီးမားတဲ့ကူးစက်ပေါက်ကွဲမှုဖြစ်နေပါစေ၊ ဘယ်သူကူးစက်သွားပါစေ မထူးဆန်းတော့တဲ့အခြေအနေဖြစ်နေပါပြီ။ ဒီနှစ်ကုန်နှစ်ကူးဟာ ပြောင်းလဲမှုကြီးပဲ” လို့ပြောခဲ့ပြီး၊ ဒီနှစ်ကုန်နှစ်ကူးကာလအတွင်း အိမ်မှာပဲငြိမ်သက်စွာနေဖို့၊ နှစ်ဟောင်းနှုတ်ဆက်ပွဲ/ကြိုဆိုပွဲ/ စားသောက်ပွဲတွေ မလုပ်ကြဖို့ ပြင်းထန်စွာသတိပေးနှိုးဆောင်ခဲ့ပါတယ်။

https://www3.nhk.or.jp/news/html/20201230/k10012790601000.html?utm_int=all_side_ranking-social_002

 

ဒါတင်မကသေးဘဲ အင်္ဂလန်နဲ့တောင်အာဖရိကမှာတွေ့နေတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်တွေကို ဂျပန်မှာလည်းတွေ့လာရတာနဲ့ပတ်သက်ပြီးတော့ ရေရေရာရာမသိနိုင်တဲ့အချက် ၂ ချက်ကိုပြောသွားပါတယ်။
– ဗီဇပြောင်းဗိုင်းရပ်စ်ကိုတွေ့လာရခြင်း။
– ကိုရိုနာဖြစ်နေတဲ့အချိန်မှာ ပထမဆုံးကြုံတွေ့လိုက်ရတဲ့ ဆောင်းတွင်းရဲ့အအေးဒဏ်။
ရှေ့လျှောက်ဘာဖြစ်မလဲမသိနိုင်တဲ့ ဒီ ၂ ချက်နဲ့ပတ်သက်ပြီး အမြင့်ဆုံးသတိပေးချက်နဲ့အတူ၊ပြည်သူလူထုဘက်ကပြင်ဆင်မှုလုပ်ထားဖို့လည်းလိုအပ်ကြောင်း… သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: