အဝေးပြေးလမ်းမမှာ ၃၀ ရက်နေ့ကနေစပြီး ချိန်းတပ်ဆင်မှုစည်းကမ်းနှင့်အတူ၊ လမ်းပိတ်ဆို့မှုဖြစ်နိုင်ကြောင်း သတိပေးထား

နှင်းအကြီးအကျယ်ကျဆင်းမယ်လို့ခန့်မှန်းထားတာကြောင့် အမြန်လမ်းမပေါ်သွားမယ့်ကားတိုင်း ၃၀ ရက်နေ့ကနေစပြီး ကားတာယာချိန်းကြိုးတပ်ဆင်ခြင်းစည်းကမ်းနှင့်အတူ၊ လမ်းပိတ်ဆို့ခြင်းများဖြစ်နိုင်တယ်လို့ homepage တွေမှာသတိပေးထားကြပါပြီ။

 

https://www3.nhk.or.jp/news/html/20201229/k10012789851000.html?utm_int=all_side_ranking-social_002

 

ဒီအတောအတွင်း East Nippon Expressway လမ်းမကြီးဟာ ဟော့ကိုင်းဒိုးကနေ Niigata စီရင်စုအထိ ဂျပန်ပင်လယ်ဘက်စီရင်စုအများ၊ ဒီအပြင် Iwate, Fukushima, Gunma နဲ့ Nagano တို့ရဲ့အချို့နေရာတွေမှာ၊ New Year အကြိုဖြစ်တဲ့ ၃၁ ရက်နေ့ကနေ ၁ လပိုင်း ၃ ရက်နေ့အထိ၊ ကားတာယာချိန်းကြိုးတပ်ဆင်ထားမှုစည်းကမ်းနှင့်အတူ ဖြတ်သန်းသွားလာခြင်းပိတ်ထားမှုပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ဒီအပြင်အဝေးပြေးလမ်းမကုမ္ပဏီများဟာ အပြင်ထွက်ခြင်းမှရှောင်ကြဥ်ဖို့တောင်းဆိုခြင်းနဲ့အတူ အဝေးပြေးလမ်းမကိုအသုံးပြုမယ့်အချိန်မှာ ဆောင်းရာသီသုံးကားတာယာကိုလဲထားဖို့နဲ့ ချိန်းတပ်ဆင်ထားဖို့ကိုလည်း သတိပေးထားပါတယ်။

 

 

JAPO Myanmar

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: