(၂၆) ရက်နေ့ တိုကျိုမြို့ကူးစက်လူနာအသစ် ၉၄၉ ဦးရှိ၊ အရေးကြီးလူနာ ၈၁ ဦးရှိ

တိုကျိုမြို့မှာ ယနေ့ (၂၆) ရက်နေ့အတွက် ကူးစက်လူနာအသစ် ၉၄၉ ဦးရှိကြောင်းအတည်ပြုလိုက်ပါတယ်။
ပထမဆုံး ၉၀၀ ကျော်ကိုစံချိန်သစ်ချိုးလိုက်ခြင်းပဲဖြစ်ပါတယ်။

 

 

အသက် ၁၀ နှစ်မပြည့်သေးသည့်ကလေးများမှ အသက် ၉၀ အရွယ်အမျိုးသားအမျိုးသမီးစုစု‌ပေါင်း ၉၄၉ ဦးဖြစ်ပါတယ်။
ယခုလို ၉၀၀ ကျော်လာတာဟာ ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။
နှစ်အလိုက်အားဖြင့် –
အသက် ၂၀ နှစ် = ၂၇၇ ဦး (အများဆုံး)
အသက် ၃၀ နှစ် = ၂၀၂ ဦး
အသက် ၄၀ နှစ် = ၁၃၃ ဦး
အသက် ၅၀ နှစ် = ၁၃၄ ဦး
ရောဂါလက္ခဏာပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်နှင့်အထက်လူကြီးများ = ၁၁၃ ဦးတို့ပဲဖြစ်ပါတယ်။
ရောဂါလက္ခဏာပြင်းထန်တဲ့အရေးကြီးလူနာတွေဟာ အရေးပေါ်ကြေငြာချက်ပယ်ဖျက်ပြီးနောက် ပိုပြီးများလာတဲ့ ၂၅ ရက်နေ့ကအတိုင်း ၈၁ ဦးရှိပါတယ်။

source:ANN

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: