မျိုးပြောင်းကိုရိုနာဗိုင်းရပ်စ် ဂျပန်တွင်စတင်တွေ့ရှိပြီ !!!

အင်္ဂလန်ကနေဂျပန်ကိုပြန်လာကြတဲ့လူတွေထဲမှာ မျိုးပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပါလာကြောင်းအတည်ပြုလိုက်ခြင်းကို တာဝန်ရှိသူတို့အားမေးမြန်းခြင်းဖြင့်သိရပါတယ်။
ဒီသတင်းကိုတော့ ဂျပန် NHK သတင်းဌာနကနေတစ်ဆင့် ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20201225/k10012785161000.html?utm_int=news-social_contents_list-items_016

 

ဒီဇင်ဘာ ၂၅ ရက်နေ့ ဂျပန်အချိန်ည ၈ နာရီ ၅၁ မိနစ်သတင်းထုတ်ပြန်ချက်အရ –
မျိုးပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူကို ဂျပန်မှာစတင်ရှာတွေ့ပြီဖြစ်ကြောင်း တရားဝင်အတည်ပြုလိုက်ပါပြီ။
ဂျပန်လဝကပြောဆိုချက်အရ လေဆိပ် quarantine စင်တာရှိ ရောဂါပိုးကူးစက်ခံထားရတဲ့ အမျိုးသားအမျိုးသမီး ၅ ဦးလုံးရဲ့ နမူနာစစ်ဆေးတဲ့ရလဒ်အရ၊ အင်္ဂလန်မှာဖြစ်ပွားနေတဲ့ မျိုးပြောင်းကိုရိုနာဗိုင်းရပ်စ်လက္ခဏာပဲဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

ဤ quarantine စင်တာမှာ မျိုးပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေပြီဆိုတာကို ပထမဆုံးအတည်ပြုလိုက်တာကြောင့် ၅ ယောက်လုံးကိုသီးခြားကာကွယ်မှုအစီအမံတွေနဲ့ထားလိုက်ကြပါပြီ။

မျိုးပြောင်းကိုရိုနာဗိုင်းရပ်စ်ဟာ ပုံမှန်ကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်နှုန်းအလွန်ပြင်းထန်တဲ့အတွက် ဂျပန်လဝကဟာ ရောဂါပိုးလမ်းကြောင်းနဲ့အတူ လူနာနဲ့အနီးကပ်အဆက်အသွယ်ရှိခဲ့သူတွေကို လိုက်လံစစ်ဆေးရှာဖွေနေပါပြီ။

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: