တိုကျိုမြို့ ယနေ့ (၂၄) ရက်နေ့အတွက် ကူးစက်မှုအသစ် ၈၈၈ ဦးရှိ !!!

တိုကျိုမြို့အတွက် ယနေ့ ၂၄ ရက်နေ့ ဂျပန်အချိန်ညနေ ၃ နာရီကရရှိတဲ့အသတင်းအရ –
ကူးစက်လူနာအသစ်စုစုပေါင်း ၈၈၈ ဦးရှိကြောင်းအတည်ပြုလိုက်ပါတယ်။
ယနေ့ ၁ ရက်တည်းအတွက်ကူးစက်မှုဟာ ကျန်ခဲ့တဲ့ ၁၇ ရက်နေ့ကနောက်ဆုံးစံချိန် ၈၂၁ ဦးကိုကျော်လွန်ပြီး၊ အများဆုံးစံချိန်ထပ်မံချိုးလိုက်ခြင်းဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20201224/k10012781581000.html?utm_int=all_side_ranking-social_001

 

ယနေ့ကူးစက်မှုထဲမှာ အသက် ၁၀ မပြည့်သေးတဲ့ကလေးတွေကနေ အသက် ၉၀ အရွယ်အမျိုးသားအမျိုးသမီးထိစုစုပေါင်း ၈၈၈ ဦးပဲဖြစ်ပါတယ်။
အသက်အရွယ်အလိုက် –
အသက် ၁၀ နှစ်အပြည့်သေးတဲ့ကလေးများ = ၃၀ ဦး
အသက် ၁၀ နှစ် = ၄၇ ဦး
အသက် ၂၀ နှစ် = ၂၄၀ ဦး
အသက် ၃၀ နှစ် = ၁၈၄ ဦး
အသက် ၄၀ နှစ် = ၁၄၃ ဦး
အသက် ၅၀ နှစ် = ၁၂၁ ဦး
အသက် ၆၀ နှစ် = ၄၉ ဦး
အသက် ၇၀ နှစ် = ၃၈ ဦး
အသက် ၈၀ နှစ် = ၃၀ ဦး
အသက် ၉၀ နှစ် = ၆ ဦး တို့ဖြင့် စုစုပေါင်း ၈၈၈ ဦးပဲဖြစ်ပါတယ်။

 

http://www.asahi.com/ajw/articles/photo/36484721

ဒီဇင်ဘာလအတွက်ကတော့ ယနေ့ ၂၄ ရက်နေ့အထိကိုပဲ ကူးစက်သူ ၁၃၀၈၆ ဦးထိရှိနေပြီဖြစ်ကာ၊ အများဆုံးဖြစ်ခဲ့တဲ့ နိုင်ဝင်ဘာလကိုတောင်လမကုန်ခင်မှာပဲ ကျော်သွားပြီဖြစ်ကြောင်း သိရပါတယ်။
ယနေ့အပါအဝင် တိုကျိုမြို့မှာတော့ လူပေါင်း ၅၄၀၁၈ ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီပဲဖြစ်ပါတယ်။

source:NHK

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: