ဂျပန်အစိုးရဟာ ၂၄ ရက်နေ့ကနေစပြီး ဂျပန်လူမျိုးမဟုတ်တဲ့အင်္ဂလန်ရဲ့ ပြည်ဝင်ခွင့်ကိုယာယီပိတ်ပြီ

လက်ရှိအင်္ဂလန်မှာ အရမ်းမြန်တဲ့ ဗီဇပြောင်းမျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ပြန့်နှံ့နေတာကြောင့် ဂျပန်အစိုးရက၊ ယခုလ ၂၄ ရက်နေ့ကနေစပြီး ဂျပန်လူမျိုးမဟုတ်တဲ့အင်္ဂလန်နိုင်ငံကနေဝင်ခွင့်ကို ယာယီပိတ်မယ်လို့ ဆုံးဖြတ်ချက်အတည်ပြုလိုက်ပါပြီ။

အင်္ဂလန်မှာ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ဟာ အင်အားကောင်းကောင်းနဲ့ကူးစက်ကျယ်ပြန့်နေတဲ့အတွက်၊ နိုင်ငံအသီးသီးကလည်း အင်္ဂလန်ကနေဝင်လာမယ့် လေကြောင်းလိုင်းတွေကိုပိတ်ထားကြပါတယ်။

 

https://www3.nhk.or.jp/news/html/20201222/k10012778761000.html?utm_int=all_side_ranking-social_005

 

ဒီအထဲမှာ ဂျပန်အစိုးရရဲ့ ၂၄ ရက်ကနေစပြီး အင်္ဂလန်အတွက်လဝကကန့်သတ်ချက်ကို ပြင်းပြင်းထန်ထန်တိုးမြင့်လိုက်တဲ့မူဝါဒဟာအတည်ဖြစ်သွားပြီလို့ တာဝန်ရှိသူတွေရဲ့ပြောပြချက်အရသိရပါတယ်။
လက်ရှိ အင်္ဂလန်ကနေပြည်ဝင်ခွင့်က ဂျပန်လူမျိုးနဲ့ ရေတိုရေရှည်နေထိုင်ခွင့်ရှိတဲ့နိုင်ငံခြားသားတွေအတွက်ဖြစ်ပေမဲ့၊ ဂျပန်မဟုတ်တဲ့ အခြားသောပြည်ဝင်ခွင့်ဆိုရင်တော့ ယာယီပိတ်မှာဖြစ်ပါတယ်။ ဂျပန်လူမျိုးဆိုရင်တော့ လက်ခံမှာပါ။

အကယ်၍ လက်ရှိဂျပန်မှာနေထိုင်နေတဲ့ ဂျပန်လူမျိုးဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် အင်္ဂလန်မှာ (၇ ရက်)အတွင်း ခေတ္တbusiness trip နဲ့ရောက်နေခဲ့ရင်၊ တိုင်းပြည်ပြန်ဖို့နဲ့ပြည်ဝင်ခွင့်ကို ခွင့်ပြုပေးမှာပါ။ ဒါပေမဲ့ ၁၄ ရက်ကြာစောင့်ကြည့်မှုတွေလုပ်သွားမယ်လို့သိရပါတယ်။

နောက်ပြီး ဒီစနေ၊ တနင်္ဂနွေကနေစပြီး အင်္ဂလန်ကနေဝင်လာမယ့်မည်သည့်နိုင်ငံသားမဆို ဂျပန်သို့မထွက်ခွာမီ ၇၂ နာရီအတွင်း ရောဂါပိုးရှိမရှိစစ်ဆေးရမှာဖြစ်ပြီး၊ negative ဖြစ်တဲ့သက်သေအထောက်အထားစာရွက်လည်းတောင်းမှာဖြစ်ကြောင်း သိရပါတယ်။

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: