ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးမှုပေါင်း ၃၀၀၀ ကျော်လာ !!
မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နိုင်ငံအတိုင်းအတာဖြင့် သေဆုံးသူအရေအတွက်ဟာ ယနေ့ ၂၂ ရက်နေ့အထိ ခရုဇ်သင်္ဘောပေါ်ကခရီးသည် ၁၃ ဦးအပါအဝင် သေဆုံးသူပေါင်း ၃၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ယနေ့သတင်းဖော်ပြချက်အရသိရပါတယ်။
သေဆုံးမှုပေါင်း ၁၀၀၀ ကျော်သွားပြီလို့ ၇ လပိုင်း လလယ်လောက်က တစ်ကြိမ်ဖော်ပြခဲ့ပြီး၊ နောက်ထပ် ၄ လအကြာ ၁၁ လပိုင်းနှောင်းပိုင်းလောက်မှာတော့ ၂၀၀၀ ကျော်သွားပြီဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။
အဲ့ဒီကနေ ၁ လကြာအတောအတွင်းမှာပဲ လူပေါင်း ၁၀၀၀ လောက်ဟာ ထပ်မံသေဆုံးခဲ့ခြင်းပဲဖြစ်ပါတယ်။
source:NHK
JAPO Myanmar