တိုကျိုမြို့တွင် ကိုရိုနာကြောင့်နေအိမ်ဆုံးရှုံးလိုက်ရသူတို့အား Business Hotelအခန်းကို အခမဲ့နေခွင့်ပေးမည်။

မျိုးစိပ်သစ်ကိုရိုနာရဲ့ ကူးစက်ကျယ်ပြန့်လာမှုကြောင့် အလုပ်အကိုင်တွေဆုံးရှုံးရပြီး အိမ်ပါဆုံးရှုံးလိုက်ရသူတွေအတွက်ရည်ရွယ်ကာ တိုကျိုမြို့အစိုးရဟာ နှစ်ကုန်နှစ်သစ်ကူးမှာ အခန်းတွေကို အခမဲ့ပေးနေဖို့အတွက် စပြီးခြေလှမ်းလာခဲ့ပါတယ်။

Business Hotel ဆိုတာကတော့ ရိုးရိုးဟိုတယ်တွေနဲ့မတူဘဲ နာမည်အတိုင်း business trip ထွက်တဲ့အချိန်မှာအဓိကအသုံးပြုတဲ့ ဟိုတယ်ဖြစ်ပါတယ်။ ဝန်ဆောင်မှုပိုင်းနဲ့ facility ပိုင်းကိုလည်းချုပ်ထားပြီး၊ တည်းခိုဖို့အတွက်ကိုပဲအဓိကစီစဉ်ထားပါတယ်။ ဒါကြောင့်အများစုကလည်း ဈေးသက်သာတယ်။
City hotel တွေကတော့ ဧည့်သည်တွေကရည်ရွယ်ချက်အမျိုးမျိုးနဲ့ရောက်လာကြပြီး ဟိုတယ်ရဲ့အလှအပတွေကိုခံစားရင်း သက်သောင့်သက်သာအနားယူကြပါတယ်။

 

https://www3.nhk.or.jp/news/html/20201221/k10012775541000.html?utm_int=all_side_ranking-social_001

 

ယခုသတင်းအရ တိုကျိုအစိုးရဟာ နေဖို့အိမ်ဆုံးရှုံးသွားသူတွေကို Business Hotel မှာအခမဲ့ပေးနေမှာကတော့ ယခုလ ၂၁ ရက်နေ့ကနေ နောက်လ ၁၉ ရက်နေ့အထိဖြစ်ပါတယ်။
အစိုးရဟာ လူမှုဖူလုံရေးရုံးနဲ့ လွတ်လပ်စွာတိုင်ပင်ဆွေးနွေးအထောက်အကူပြုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ကာ၊ အလုပ်ပြုတ်သွားပြီး နေထိုင်ဖို့အိမ်ပါဆုံးရှုံးသွားရတဲ့လူတွေအတွက် တည်းခိုနိုင်မယ့်နေရာကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။

ဒီအတွင်းမှာပဲ Shinjuku ရှိ Kabukicho ရဲ့မြို့တော်တိုင်ပင်ဆွေးနွေးတဲ့နေရာမှာ ယနေ့ ၂၁ ရက်နေ့ နံနက်ကနေစပြီး သွားစရာမရှိတဲ့လူတွေဟာ ဖုန်းဆက်လာခဲ့ကြပါတယ်။
တိုကျိုမှာတော့ အရေးပေါ်ကြေငြာချက်ထုတ်ပြန်ပြီးတဲ့အချိန်ကနေစပြီး Business Hotel ထောက်ပံ့ပေးမှုကိုလုပ်ခဲ့တာ ၄ လပိုင်းကနေ ၆ လပိုင်းအချိန်အတွင်း လူပေါင်း ၁၂၅၀ ဦးလောက်အသုံးပြုနေကြပြီလို့သိရပါတယ်။

တိုကျိုမြို့လူမှုဖူလုံရေးရဲ့အကြီးအကဲဖြစ်သူ Kazuo Hatanaka ဟာ “ ကိုရိုနာရိုက်ခက်မှုကြောင့်နှစ်ကုန်နှစ်ကူးမှာ စားသောက်ကုန်လုပ်ငန်းတွေဟာ ယခင်ထက်ပိုနည်းသွားပြီး စိုးရိမ်နေတဲ့လူတွေလည်းများနေမယ်လို့ထင်ပါတယ်။ သေချာပေါက် အားမနာဘဲဆက်သွယ်ကြပါ” ဆိုပြီးပြောထားပါတယ်။

source:NHK

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: