Ibaraki စီရင်စုတွင် ပြင်းအားအဆင့် ၄ ရှိငလျင်လှုပ်ခဲ့

ယနေ့ (၁၇) ရက်နေ့ ဂျပန်အချိန်ညနေ ၄ နာရီ ၄၂ မိနစ်ခန့်တွင် Ibaraki စီရင်စုတွင် ပြင်းအားအဆင့် ၄ ရှိငလျင်လှုပ်ခဲ့ကြောင်းသိရပါတယ်။
ဒီငလျင်ကြောင့် ဆူနာမီအတွက်စိတ်ပူစရာတော့မရှိဘူးလို့သိရပါတယ်။

 

https://www3.nhk.or.jp/news/html/20201217/k10012769511000.html?utm_int=all_side_ranking-social_003

 

ထိုပြင်းအားအဆင့် ၄ ရှိငလျင်ကိုရှာဖွေတွေ့ရှိခဲ့တာကတော့ Ibaraki စီရင်စုရဲ့
▽ Ishioka မြို့
▽ Bando မြို့
▽ Omitama မြို့နှင့်
▽ Shirosato မြို့ တို့မှာဖြစ်ပါတယ်။

ဒီအပြင်အဆင့် ၃ ရှိငလျင်ကိုတော့ Ibaraki စီရင်စုရဲ့
▽ Mito မြို့
▽ Joso မြို့
▽ Shimozuma မြို့

(Tochigi စီရင်စု)
▽ Tochigi မြို့
▽Shimotsuke မြို့၊

( Saitama စီရင်စု)
▽ Saitama မြို့ Urawa ရပ်ကွက်၊
▽ Kawaguchi မြို့

(Chiba စီရင်စု)
▽ Noda မြို့ တို့မှာတွေ့ရှိကြောင်းသိရပါတယ်။

နောက်ထပ် ပြင်းအားအဆင့် ၂ နှင့်အဆင့် ၁ ရှိတဲ့လှုပ်ခတ်မှုကိုတော့ –
တိုကျို ၂၃ ရပ်ကွက်အပါအဝင် Kanto ဒေသ၊
Yamanashi စီရင်စု၊
Fukushima စီရင်စုနှင့်
Shizuoka စီရင်စု စတဲ့နေရာအသီးသီးတို့မှာတွေ့ရှိခဲ့ကြောင်းသိရပါတယ်။
မိုးလေဝသအေဂျင်စီရဲ့တိုင်းတာမှုအရ၊ ငလျင်ဗဟိုဟာ Ibaraki စီရင်စုရဲ့တောင်ဘက်အခြမ်းကဖြစ်ပြီး ၅၀ ကီလိုမီတာအနက်ရှိတဲ့ဗဟိုအမှတ်ကနေဖြစ်ပေါ်လာပါတယ်။
ငလျင်းရဲ့ပြင်းအားကတော့ 4.6 ခန့်ရှိကြောင်းခန့်မှန်းရတယ်လို့ သိရပါတယ်။

 

JAPO Myanmar

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: