Niigata စီရင်စုတွင် နှင်းများပြင်းထန်စွာကျဆင်းမှုကြောင့် မြေပြင်ကာကွယ်ရေးတပ်သို့စေလွှတ်ပေးရန်တောင်းဆို

လက်ရှိဂျပန်မှာ နှင်းတွေအကြီးအကျယ်ကျဆင်းမှုကြောင့် Niigata စီရင်စုမှာတော့ ကားတွေလမ်းပေါ်ရပ်ထားရတဲ့အခြေအနေမှာတောင်ရှိနေပါတယ်။
Kanetsu ကားလမ်းပေါ်မှာ ကားများစွာရပ်ထားရတဲ့အတွက် Niigata စီရင်စုဟာ နေ့လည် ၂ နာရီ ၂၆ မိနစ်မှာပဲ မြေပြင်ကာကွယ်ရေးတပ်သို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် စေလွှတ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်။

 

https://www3.nhk.or.jp/news/html/20201217/k10012769121000.html?utm_int=all_side_ranking-social_003

 

မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဟာ ရပ်ထားရတဲ့ကားတွေထွက်ခွာဖို့နဲ့ ကားမောင်းသူတို့ဘေးကင်းလုံခြုံရေးသေချာစေဖို့ ထောက်ပံ့ရေးပစ္စည်းများဖြန့်ဖြူးခြင်းနဲ့ လုံခြုံမှုအတည်ပြုခြင်းတွေကိုလုပ်ပေးပါတယ်။
ထို့အပြင် Niigata စီရင်စုမှာတော့ အုပ်ချုပ်ရေးမှု Hanazumi ဦးဆောင်တဲ့သဘာဝဘေးအန္တရာယ်တုံ့ပြန်တဲ့ဌာနချုပ်ကိုတည်ထောင်ထားပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: