(၁၇) ရက်နေ့ တိုကျိုကူးစက်မှုကျယ်ပြန့်လာခြင်းအပေါ် ပညာရှင်များအစည်းအဝေးနောက်ဆက်တွဲသတင်း

တိုကျိုမြို့တွင်းမှာပဲ ယနေ့ (၁၇) ရက်နေ့တစ်ရက်တည်းကူးစက်မှုအသစ် ၈၂၂ ဦးရှိကြောင်းအတည်ပြုလိုက်ပါပြီ။
ဒီလိုကူးစက်မှုပြင်းပြင်းထန်ထန်ကျယ်ပြန့်လာတဲ့အပေါ် ယနေ့မှာပဲကူးစက်ရောဂါအထူးကျွမ်းကျင်ပညာရှင်များအစည်းအဝေးမှာ မြို့တွင်းဆေးဝါးကုသမှုပေးနေတဲ့စနစ်နဲ့ပတ်သက်ပြီး “ စနစ်တင်းကျပ်လာဟန်ရှိ” ဆိုတဲ့အမြင့်ဆုံး သတိပေးအဆင့်ကို ပထမဆုံးအကြိမ်အဖြစ်တိုးမြင့်လိုက်ပါတယ်။

ပညာရှင်တွေက “ ပုံမှန်ဆေးကုသရေးမှာအခက်အခဲတွေလည်းရှိလာတယ်” လို့ထောက်ပြပြီး၊ လူနာအရေအတွက်နည်းသွားအောင်ထိန်းချုပ်ဖို့လိုအပ်ကြောင်း အခိုင်အမာပြောကြားခဲ့ကြပါတယ်။

https://www3.nhk.or.jp/news/html/20201217/k10012768841000.html?utm_int=all_side_ranking-social_002

 

ယနေ့ ၁၇ ရက်နေ့မှာကျင်းပတဲ့ ပညာရှင်များအစည်းအဝေးမှာ ဆေးကုသမှုထောက်ပံ့ရေးစနစ်နဲ့ပတ်သက်ပြီး “ စနစ်တင်းကျပ်လာဟန်ရှိ” လို့သတ်မှတ်ကာ၊ သတိပေးအဆင့် ၄ ဆင့်ရှိတဲ့အထဲမှာ အမြင့်ဆုံးအဆင့်အထိတိုးမြင့်လိုက်ပါတယ်။

ဆေးကုသမှုထောက်ပံ့ရေးစနစ်ဟာ ယခုနှစ် ၇ လပိုင်းနောက်ပိုင်းကနေစပြီး၊ ကျန်ခဲ့တဲ့ရသတ္တပတ်အထိ ၂၃ ပတ်ဆက်တိုက်မြင့်တက်လာခဲ့ရာ ဒုတိယအဆင့်မှာပဲရှိနေခဲ့ပါတယ်။ သို့သော်ယနေ့ကနေစပြီး အမြင့်ဆုံးအဆင့်ကိုပထမဆုံးအကြိမ်ဖြင့်တိုးမြင့်လိုက်ခြင်းပဲဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20201217/k10012768841000.html?utm_int=all_side_ranking-social_002

 

ပညာရှင်တွေဟာ “ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဆေးရုံတင်ရတဲ့လူနာတွေများလာတာနဲ့အတူ တစ်ဖက်ဆေးကုသမှုမှာလည်း အခက်အခဲတွေရှိလာတယ်။ positive လူနာအရေအတွက်များလာမှုကိုထိန်းချုပ်မယ့်ကာကွယ်တားဆီးမှုကိုပိုပြီးပြင်းထန်သင့်သလို၊ အရေးကြီးလူနာအရေအတွက်များလာခြင်းပေါ်တားဆီးနိုင်ဖို့လည်း ပိုပြီးလိုအပ်တယ်” လို့ထောက်ပြခဲ့ကြပါတယ်။

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: