အိုဆာကာ၏ကူးစက်မှုအခြေအနေအတွက် မီးနီပြပြီး ၁၅ ရက်နေ့အထိမလိုအပ်ဘဲအပြင်မထွက်ဖို့တောင်းဆိုခြင်းနဲ့ နောက်ဆုံးထိန်းချုပ်တော့မည်

အိုဆာကာမှာတော့ မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်နှံ့လာမှုကြောင့် ယခင်ကပင်ပြင်ဆင်ထားခဲ့တဲ့ “ Osaka model” အနီရောင်အဆင့်ပြလာမယ်ဆိုရင် အိုဆာကာရှိနေထိုင်သူတွေကို ယခုလ ၁၅ ရက်နေ့အထိ မလိုအပ်ခြင်း၊အရေးပေါ်မဟုတ်ခြင်း စတဲ့အခြေအနေတွေမှာ အပြင်ထွက်ခြင်းတွေမလုပ်ကြဖို့တောင်းဆိုခြင်းတွေနဲ့အတူ နောက်ဆုံးထိန်းချုပ်သွားတော့မယ်လို့သိရပါတယ်။ ၃ ရက်နေ့ညနေကကျင်းပခဲ့တဲ့ ကာကွယ်တားဆီးရေးဌာနချုပ်အစည်းအဝေးမှာ အိုဆာကာအတွက်မီးနီပြတော့မလား ဆိုတာနဲ့လိုက်ပြီး တရားဝင်ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20201203/amp/k10012743931000.html

 

အိုဆာကာမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ကူးစက်ပျံ့နှံ့လာမှုကြောင့် ဆေးဘက်ဆိုင်ရာစနစ်တင်းကျပ်မှု ပိုပြီးပြင်းထန်လာတာနဲ့အမျှ ၃ ရက်နေ့ညနေမှာ ကာကွယ်တားဆီးရေးဗဟိုဌာနချုပ် အရေးပေါ်အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး, Osaka model မှာ အရေးပေါ်အခြေအနေကိုပြသမယ့် မီးနီကိုထွန်းသင့်မထွန်းသင့်ဆုံးဖြတ်ဖို့ စဥ်းစားပြီဆိုတာကိုပြောကြားခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး Yoshimura ဟာ “ Osaka model မှာ မီးနီပြရတော့မယ့်အချိန်ပဲဖြစ်ပါတယ်။ ဆေးကုသမှုမှာအရေးပေါ်အခြေအနေရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ အရေးကြီးလူနာတွေလည်း တစ်ဖြည်းဖြည်းများလာရာ လက်ရှိ ၇၀ ရာခိုင်နှုန်းရှိနေပြီဆိုတာသေချာနေပါပြီ။
အိုဆာကာကို ၄~၁၅ ရက်နေ့အထိ ၁၂ ရက်ကြာ ပြည်သူတွေကို မလိုအပ်ဘဲ၊အရေးမကြီးဘဲ အပြင်မထွက်ကြဖို့တောင်းဆိုမယ်။
နောက်ပြီး အိုဆာကာ Kita နဲ့ Chuo မှာရှိတဲ့အရက်အမျိုးမျိုးရနိုင်တဲ့စားသောက်ဆိုင်တွေကို ဆိုင်ဖွင့်ချိန်ကိုလျှော့ချဖို့တောင်းဆိုမှုမှာလည်း ၁၅ ရက်နေ့ထိတိုးမြင့်မယ်” လို့သိရပါတယ်။

 

https://news.tv-asahi.co.jp/news_society/articles/000200230.html

 

ရက်အတွက် အိုဆာကာမှာကူးစက်မှုအသစ် ၃၈၆ ဦးရှိခဲ့ပြီး၊ ရောဂါပြင်းထန်တဲ့လူနာ ၁၃၆ ဦးရှိခဲ့ပါတယ်။ အိုဆာကာရဲ့အရေးကြီးလူနာအရေအတွက်ဟာ တိုကျိုထက်များတဲ့ပမာဏပဲဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: