(၂၅) ရက်နေ့ တိုကျိုကူးစက်မှုအသစ် ၄၀၁ ဦးရှိ၊ အရေးကြီးလူနာ ၅၄ ဦးရှိ

(၂၅) ရက်နေ့အတွက် တိုကျိုမှာကူးစက်လူနာအသစ် ၄၀၁ ဦးရှိကြောင်းအတည်ပြုလိုက်ပါပြီ။
၄ ရက်ကြာပြီးမှ ၄၀၀ ပြန်ကျော်လာခြင်းဖြစ်ပါတယ်။ လက်ရှိအရေးကြီးလူနာ ၅၄ ဦးထိရှိနေပါတယ်။ အရေးပေါ်ကြေငြာချက်ဖျတ်သိမ်းပြီးနောက် ၂ ရက်ဆက်တိုက်ပြန်လည်များလာခဲ့ပါတယ်။

 

 

ကူးစက်သူတွေကတော့ ထုံးစံအတိုင်း အသက် ၁၀ နှစ်မပြည့်သေးတဲ့ကလေးတွေကနေ အသက် ၉၀ အရွယ်အမျိုးသားအမျိုးသမီး စုစုပေါင်း ၄၀၁ ဦးဖြစ်ပါတယ်။ နှစ်အလိုက်
အသက် ၂၀ နှစ် = ၁၀၁ ဦးနှင့်အများဆုံး
အသက် ၃၀ နှစ် = ၇၃ ဦး
အသက် ၅၀ နှစ် = ၆၅ ဦး
အသက် ၄၀ နှစ် = ၆၀ ဦး
ရောဂါပြင်းထန်နိုင်တဲ့အသက် ၆၅ နှစ်နှင့်အထက်လူကြီး = ၅၄ ဦးတို့အသီးသီးဖြစ်ပါတယ်။
ဒီနေ့အတွက်အရေးကြီးလူနာ ၃ ဦးတိုးလာတဲ့အတွက် စုစုပေါင်း ၅၄ ဦးရှိထားပါပြီ။
ဒါဟာ အရေးပေါ်ထုတ်ပြန်ချက်ဖျတ်သိမ်းပြီးနောက် ၂ ရက်ဆက်တိုက်တိုးလာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: