(၁၉) ရက်‌နေ့ ၊ တိုကျိုကူးစက်မှုအသစ် ၅၃၄ ဦးရှိ … ကျန်ဒေသများတွင်…..

၁၉ ရက်နေ့ တိုကျိုအတွက် ကူးစက်မှုအသစ် ၅၃၄ ဦးရှိကြောင်းအတည်ပြုလိုက်ပါတယ်။ ပထမဆုံးစံချိန်တင် ၅၀၀ ကျော်ခြင်းပါ။
၁၈ ရက်နေ့က ၄၉၃ ဦးဖြစ်ပြီး၊ ဒီနေ့ကတော့ စံချိန်အသစ်ဖြစ်ပါတယ်။

 

အတည်ပြုခဲ့သူတွေမှာ အသက် ၁၀ နှစ်မပြည့်သေးတဲ့ကလေးငယ်တွေကနေ အသက် ၉၀ အရွယ်အမျိုးသားအမျိုးသမီးစုစုပေါင်း ၅၃၄ ဦးဖြစ်ပါတယ်။ နှစ်အလိုက်
အသက် ၂၀ နှစ် = ၁၃၀ ဦး
အသက် ၃၀ နှစ် = ၁၁၀ ဦး
အသက် ၄၀ နှစ် = ၉၆ ဦး
အသက် ၅၀ နှစ် = ၈၀ ဦး
ရောဂါပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်နှင့်အထက်လူကြီးများ = ၆၉ ဦးတို့ အသီးသီးဖြစ်ပါတယ်။
အရေးကြီးလူနာများ စုစုပေါင်း ၃၈ ဦးရှိပါပြီ။ တိုကျိုမှာ စုစုပေါင်း ကူးစက်လူနာများ ၃၆,၂၅၇ ဦး ရှိထားပြီလို့အတည်ပြုထားပါတယ်။
အုပ်ချုပ်ရေးမှူး Koike ကယခုနှစ်ကုန်ဆုံးချိန်နှင့်နှစ်အစတွင် စားသောက်ပွဲတွေကလည်းလုပ်ကြမှာဖြစ်တဲ့အတွက် လူနည်းစုလောက်သာစုဝေးဖို့နဲ့ မကြာခဏလေဝင်လေထွက်ကောင်းမွန်အောင်လုပ်ဖို့ သတိပေးထားပါတယ်။

ယနေ့အတွက် ဟိုကိုင်းဒိုး ကူးစက်လူနာအသစ် ၂၆၆ ဦး
Chiba စီရင်စု ၁၀၆ ဦး.
Aichi စီရင်စု ၂၁၉ ဦး….
အိုဆာကာ ၃၃၈ ဦး… တို့အသီးသီးဖြစ်ပါတယ်။

source:ANN

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: