(၁၃) ရက်နေ့ တိုကျိုမြို့ကူးစက်လူနာအသစ် ၃၇၄ ဦးရှိ

ဒီနေ့တိုကျိုမှာ အတည်ပြုခဲ့တဲ့ရလဒ်ကတော့ ၃၇၄ ဦးရှိပါတယ်။ ၃ ရက်ဆက်တိုက်ကို ၃၀၀ ကျော်တွေပါ။

https://news.tv-asahi.co.jp/news_society/articles/000198372.html

အသက်အရွယ်အပိုင်းအခြားအားဖြင့်…
အသက် ၂၀ နှစ် = ၁၀၀ ဦး(အများဆုံး)
အသက် ၃၀ နှစ် = ၆၆ ဦး
အသက် ၄၀ နှစ် = ၅၃ ဦး
အသက် ၅၀ နှစ် = ၆၀ ဦး
ရောဂါပြင်းထန်နိုင်သည့် အသက် ၆၅ နှစ်နှင့်အထက် = ၄၆ ဦးတို့ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ကူးစက်မှု ၁၀၀ ကျော်နေတာ ၈ လပိုင်း ၂၂ ရက်နေ့ကရှိခဲ့တယ်လို့ပြောပါတယ်။
အခုဆိုရင် တိုကျိုမှာကူးစက်သူစုစုပေါင်း ၃၄,၁၄၅ ဦးရှိနေပါပြီ။

https://news.tv-asahi.co.jp/news_society/articles/000198332.html

မနေ့က ၁၂ ရက်နေ့တစ်ရက်တည်းကိုပဲ တစ်နိုင်ငံလုံးကူးစက်မှု ၁၆၅၈ ဦးရှိတယ်လို့ဂျပန်သတင်းဌာနကဖော်ပြထားတယ်။ သေဆုံးမှုက တစ်နိုင်ငံလုံး ၁၀ ဦးရှိပါတယ်တဲ့…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: