(၁၂) ရက်နေ့ ကူးစက်လူနာအသစ် တိုကျို ၃၉၃ ဦး၊ ဟိုကိုင်းဒိုး ၂၂၀ ဦးရှိ

ယနေ့ တိုကျိုမှာတော့ကူးစက်လူနာအသစ် ၃၉၃ ဦးရှိကြောင်းအတည်ပြုလိုက်ပါတယ်။ ၂ ရက်ဆက်တိုက် ၃၀၀ ကျော်နေပြီး ဒီနေ့ကတော့ ၄၀၀ ပြည့်ဖို့ ၇ ယောက်ပဲလိုတော့တယ်။

https://news.tv-asahi.co.jp/news_society/articles/000198254.html

အသက် ၁၀ နှစ်မပြည့်သေးတဲ့ကလေးတွေကနေ အသက် ၉၀ အရွယ်အမျိုးသားအမျိုးသမီး စုစုပေါင်း ၃၉၃ ဦးပါ။ နှစ်အလိုက်
အသက် ၂၀ နှစ် = ၉၄ ဦး (အများဆုံး)
အသက် ၃၀ နှစ် = ၈၉ ဦး
အသက် ၄၀ နှစ် = ၇၀ ဦး
အသက် ၅၀ နှစ် = ၄၈ ဦး
အသက် ၆၅ နှစ်နှင့်အထက်လူကြီးများ = ၄၅ ဦး တို့အသီးသီးဖြစ်ပါတယ်။ လက်ရှိတိုကျိုမှာ ကူးစက်မှုစုစုပေါင်း ၃၃၇၇၁ ဦးရှိနေပါပြီ။ အုပ်ချုပ်ရေးမှူး Koike က “ ကူးစက်မှုကျယ်ပြန့်မပြန့်ကအခုချိန်က အရေးပါတဲ့အခိုက်အတန့်ပဲ။ တစ်ဦးချင်းစီကာကွယ်မှုလုပ်ဖို့လိုအပ်ကြောင်း ထပ်မံသတိပေးထားပါတယ်။


https://news.tv-asahi.co.jp/news_society/articles/000198229.html

ယနေ့ ဟိုကိုင်းဒိုးကတော့ ကူးစက်မှုအသစ် ၂၂၀ ဦးပါ။ အေးလာတာကြောင့် သတိထားရမယ့်အခြေအနေမှာရှိပါတယ်။
ဂျပန်မှာ တတိယလှိုင်းစနေပြီလို့ ဖော်ပြနေကြပါပြီ။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: