(၁၁) ရက်နေ့၊ ကူးစက်မှုအသစ် တိုကျို ၃၁၇ ဦး၊ ဟိုကိုင်းဒိုး ၁၉၇ ဦး

ယနေ့ ၁၁ ရက်နေ့ တိုကျိုမှာကူးစက်လူနာအသစ် ၃၁၇ ဦးရှိကြောင်းအတည်ပြုခဲ့ပါတယ်။ ၈ လပိုင်း ၂၀ ရက်နေ့က ၃၃၉ ယောက်ရှိခဲ့ပြီး၊ ၂ လအကြာမှာ ဒီအရေအတွက်ပြန်ရောက်လာခြင်းဖြစ်ပါတယ်။

ကူးစက်သူများဟာအသက် ၁၀ နှစ်မှ အသက် ၈၀ အရွယ်အမျိုးသားအမျိုးသမီး ၃၁၇ ဦးဖြစ်ပါတယ်။ နှစ်အလိုက်
အသက် ၃၀ နှစ် = ၆၈ ဦး(အများဆုံး)
အသက် ၂၀ နှစ် = ၆၁ ဦး
အသက် ၄၀ နှစ် = ၅၈ ဦး
အသက် ၅၀ နှစ် = ၄၃ ဦးနှင့်
ရောဂါလက္ခဏာပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်နှင့်အထက်လူကြီးများ = ၄၀ ဦးတို့ဖြစ်ပါတယ်။ တိုကျိုမှာကူးစက်ထားသူတွေ ၃၃,၃၇၈ ဦးရှိနေပါပြီ။

 

https://news.tv-asahi.co.jp/news_society/articles/000198145.html

(၁၁) ရက်နေ့ ဟိုကိုင်းဒိုးမှာတော့ ၁၉၇ ဦး !!
၅ ရက်ဆက်တိုက် ကူးစက်မှု ၁၅၀ ကျော်ခဲ့ပါပြီ။ ဒီနေ့ကူးစက်မှုကတော့ ယခင်အရေအတွက်တွေထက်အများဆုံးပဲလို့ပြောပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: