မကြာခင်ရောင်းချတော့မယ့် PlayStation5 ကအံ့သြစရာကောင်းလောက်အောင် ဈေးပေါနေတယ် ?

ကမ္ဘာတစ်ဝှမ်းဂိမ်းစီးပွားရေးလောကကို အပိုင်းကြီး ၂ ခုနဲ့ခွဲခြားထားပါတယ်။
ပထမ ၁ ခုက Nintendo ကုမ္ပဏီကနေထုတ်တဲ့ ဘယ်သူမဆိုပေါ့ပေါ့ပါးပါးကစားနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ ဒါရဲ့ကိုယ်စားပြုကတော့ Nintendo Switch ပါပဲ။

နောက်တစ်ခုကတော့ လုံးဝစွမ်းဆောင်ရည်ရှိမှဆော့နိုင်မယ့်ပုံစံမျိုးပါ။
PC နဲ့ဂိမ်းဆော့နေသူတို့၊ Xbox နဲ့ PlayStation တွေစတဲ့ပုံစံမျိုးဖြစ်ပါတယ်။
ဒါဟာ အံ့သြစရာကောင်းလောက်အောင် function အမြင့်စားတွေလိုအပ်တာကြောင့် Hardware ပိုင်းကလည်းသေချာပေါက်ဈေးကြီးပါတယ်။
ထိုအထဲမှာ နေရာတစ်နေရာမှာရှိနေတဲ့ မဟုတ်သေးဘူး No.1 ထိပ်ဆုံးမှာရှိနေတာကတော့ PlayStation ပါပဲ။
ဒီနှစ် ၁၁ လပိုင်းမှာ ဗားရှင်းအသစ်ဖြစ်တဲ့ PS5 ကိုစပြီးရောင်းချတော့မယ်လို့ သိရပါတယ်။


https://business.nikkei.com/atcl/gen/19/00112/091700017/

Disk drive ပါတာနဲ့မပါဘူးဆိုရင် ဈေးသက်သာတာကတော့ $399.99 USD(ဂျပန်ယန်းနဲ့ဆို 39,980 ယန်း)ကျမှာပါ။
နောက်ဆုံးပေါ်ကိရိယာတွေကို ပုံမှန်အဖြစ်သုံးလိုက်တဲ့ဒီဂိမ်းစက်နဲ့ဒီဈေး၊ ပုံမှန်အားဖြင့် PC မှာ level တူ function ကိုတပ်ဆင်လိုက်မယ်ဆိုရင်တောင် ၁၅ သောင်းယန်းကုန်ကျမယ်လို့ ပြောနေကြပါတယ်။

Sony ရဲ့အမြောက်အများအပြိုင်ထုတ်လုပ်မှုကြောင့် ဈေးနှုန်းလျှော့ချနိုင်မယ်ဆိုရင်တောင် ယန်း ၅ သောင်းမှ ၆ သောင်းအထိ ပေးရမယ်လို့ ပြောကြတယ်။
ဒီလို ရောင်းရရင်ရောင်းရသလို အရှုံးပေါ်မှုကြီးနိုင်တာက PlayStation5 ပါပဲ။
ဘာကြောင့်လဲ? အခုသူက ယန်း ၃ သောင်းကျော်၊ ၄ သောင်းနဲ့တင် ရောင်းချမှာမို့လို့ပါ။

PlayStation4 ပေါ်လာတုန်းကတော့ 399usd နဲ့ရောင်းချပြီး အဲ့ဒါရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်က 381usd ..
ထုတ်လုပ်မှုကုန်ကျစရိတ်ပဲမဟုတ်၊ ရောင်းချမှုကုန်ကျစရိတ်လည်းထည့်တွက်ရင် အရှုံးပေါ်နိုင်ဖို့များပေမဲ့၊ ဒီထက်မကပိုပြီးရှုံးနိုင်တာကတော့ PS5 ပါပဲ။
ဒါဆိုဘာကြောင့် ဈေးချပြီးတော့ကိုရောင်းနေရသလဲ?

ဘာကြောင့်လဲဆိုတော့ ဂိမ်းစက်ရဲ့အပြင်ကိုယ်ထည်ကိုရောင်းပြီး အမြတ်အစွန်းရဖို့မရည်ရွယ်တော့လို့ပါပဲတဲ့…
ဂိမ်းစက်များအတွက် အရေးကြီးတာက ဂိမ်းအရေအတွက်ပါပဲ။
ဂိမ်းစက်တွေကိုအနည်းငယ်သာရောင်းချရမယ်ဆိုရင် ဂိမ်းထုတ်လုပ်သူဟာ ဂိမ်းတွေပြုလုပ်ပေးတော့မှာမဟုတ်ပါဘူး။
ဂိမ်းတစ်ခုပြုလုပ်တဲ့အားထုတ်မှုက ဘယ်မော်ဒယ်အတွက်မဆို ပြောင်းလဲမှုမရှိဘူးဆိုရင်၊ ပိုပြီးရောင်းရတဲ့မော်ဒယ် (ဥပမာ – ရှယ်ယာရှိတဲ့မော်ဒယ်တွေ) မှာပဲ ဂိမ်တွေသွားစုမှာပါ။

ဂိမ်းတွေရောင်းရပြီဆိုရင်တော့ အချို့ကို hardware maker ကိုပေးရပါတယ်။
နောက်ပြီးမကြာသေးမီကဂိမ်း subscription service ကိုထုတ်ပြန်ခဲ့တာကြောင့် ပုံမှန်ဝင်ငွေလည်းဝင်လာပါတယ်။
အရှုံးပေါ်ပြီးရောင်းရလည်း၊ နောက်ပိုင်းမှာအမြတ်အစွန်းရတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာပါတယ်။

ဒီအခြေအနေအတိုင်းဆက်သွားရင်းနဲ့ ဂိမ်းစက်ထုတ်လုပ်မှုကုန်ကျစရိတ်လည်း တစ်ဖြည်းဖြည်းကျဆင်းလာပြီး၊ နောက်ဆုံးမှာ ဂိမ်းစက်ကိုအရှုံးခံပြီးမရောင်းရတောင် ပိုပြီးကောင်းလာပါလိမ့်မယ်။

အရင်ထုတ်ထားတဲ့ PS4 ကနေ PS5 ထွက်ဖို့အထိ ၇ နှစ်ကြာပါတယ်။
ဒီကြားမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း တန်တယ်လို့ပြောရမယ်။

Sony အတွက်အကြီးမားဆုံးသောအရှုံးကတော့ အားလုံးက PS5 ကိုဝယ်ပေမဲ့ ဂိမ်းကိုဘယ်တော့မှဝယ်မှာမဟုတ်ပါဘူး။
သူ့မှာ subscription service လည်းမရဘူး။
ဒါကြောင့် ပုံမှန်အားဖြင့်စဥ်းစားရင် Sony အတွက်တော့မဖြစ်နိုင်ပေမဲ့၊ ပြဿနာတစ်ခုကတော့ ဂိမ်းcopyလုပ်ခြင်းပါ။
အထူးသဖြင့် တရုတ်၊ ကိုရီးယား၊ အရှေ့တောင်အာရှမှာ ဂိမ်း copy လုပ်တတ်ကြတယ်။
ဒါက ပြန့်နှံ့လာမယ်ဆိုရင် ဂိမ်းလောက ကလည်းပြိုလဲသွားမှာပါ။

ဒါကြောင့် အရမ်းကြိုက်တဲ့ဂိမ်းတွေဆော့ချင်တယ်၊ နောက်ပြီးဂိမ်းကို အမှန်တကယ်နှစ်သက်သဘောကျတယ်ဆိုရင် တရားမဝင်ကူးယူခြင်းမလုပ်ဘဲ၊ သေသေချာချာဝယ်ပြီးဆော့ပါလို့ အကြံပြုလိုက်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: