ချစ်သူရဲ့ ယောက်ျားတန်ဆာကိုကိုင်ပြီးလျှောက်သွားနေခဲ့သူ မိန်းကလေး..(ဖြစ်ရပ်မှန်)

၁၉၁၆ ခုနှစ်၊ လက်ရှိအချိန်ကနေလွန်ခဲ့သော နှစ် ၁၀၀ မတိုင်ခင်က ဒီအမှုဖြစ်သွားခဲ့ပါတယ်။
阿部定事件 Sada Abe case လို့ခေါ်တဲ့ အမှုပဲဖြစ်ပါတယ်။

https://bunshun.jp/articles/-/12016

ထိုအချိန်ဂျပန်ရဲ့စစ်တပ်ကပိုပြီးအားကောင်းလာစပြုပြီး အစိုးရအဖွဲ့အစည်းမှာအာဏာသက်ရောက်မှုကင်းမဲ့လာပြီး၊ စစ်ဖြစ်ဖို့လမ်းစပြုလာတဲ့အချိန်ဖြစ်ပါတယ်။
 阿部定(あべ さだ)Abe Sadaဆိုတဲ့မိန်းကလေးက သူမချစ်သူ 石田吉蔵 Ishida Kichizo ဆိုတဲ့အမျိုးသားနဲ့အတူနေထိုင်ခဲ့တယ်။
Kichizo က ငါးရှည့်ကင်ထမင်းဆိုင်ရဲ့ပိုင်ရှင်ဖြစ်ပြီး၊ 定ကတော့ အကူအနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။
Kichizo မှာတော့ လက်ထပ်ထားတဲ့မိန်းမရော၊ ကလေးရောရှိတာကြောင့် 定နဲ့ကဖောက်ပြန်တဲ့ဆက်ဆံရေးပါ။

အမှုဖြစ်ကြောင်းကုန်စင်ကတော့
Sadaဟာ Kichizo ကို သတ်ပြီး၊ ယောက်ျားတန်ဆာကို ဖြတ်လိုက်ပါတယ်။
ဖြတ်လိုက်တဲ့နေရာကနေ ထွက်တဲ့သွေးကိုအသုံးပြုပြီး “定吉二人きり”(ဆဒ ခိချိ နှစ်ယောက်တည်းပဲ) လို့ရေးကာ၊ Kichizo ရဲ့ ဘယ်ဘက်လက်မောင်းမှာ ဓါးနဲ့ Sada လို့စာလုံးထွင်းပြီး ထွက်ပြေးသွားပါတယ်။
အဲ့ဒီနောက်ပိုင်း သူမဖြတ်လာတဲ့ ယောကျ်ားတန်ဆာနဲ့အတူ ၃ ရက်တိတိကိုင်ပြီးလျှောက်သွားနေခဲ့တယ်လို့ပြောကြပါတယ်။

https://intojapanwaraku.com/culture/12906

 

ကိုယ်ပိုင်သက်သေကိုချန်ခဲ့တာကြောင့်၊ ချက်ချင်းဖမ်းမိသွားပေမဲ့၊ ဒီယုတ္တိမရှိတဲ့လူသတ်မှုဟာ နာမည်ကြီးသတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်။

Sada နဲ့ Kichizo တို့ဟာ နောက်ကွယ်ကနေဖောက်ပြန်တဲ့ဆက်ဆံရေးဖြစ်ခဲ့ပေမဲ့၊ လမ်းခွဲဖို့အကြောင်းပြောနေရင်းဒီလိုဖြစ်သွားခဲ့တာမဟုတ်ဘူးတဲ့။
ဘာကြောင့် ဒီလိုဖြစ်သွားရသလဲဆိုရင် မတူညီတဲ့ပတ်ဝန်းကျင်ကနေကြီးပြင်းလာမှုမှာ အရိပ်အမြွက်ရှိနေပါတယ်တဲ့။

Sada အကြောင်းကတော့
Sada ဟာ Tatami ဆိုင်ပိုင်ရှင်ရဲ့သမီးအဖြစ်မွေးဖွားလာခဲ့ပြီး အရမ်းလှတဲ့ Sada ကိုမိခင်ကလည်းအရမ်းချစ်တာကြောင့်၊ ဂီတကိုသင်ကြားစေသလို၊ အလွန်လှတဲ့ကီမိုနိုတွေဆင်ယင်ပေးလိုက်နဲ့ Sada ရဲ့ဘဝဟာလှပခဲ့ပါတယ်။

အသက် ၁၅ နှစ်ရောက်လာချိန် သူငယ်ချင်းရဲ့အိမ်မှာ တက္ကသိုလ်ကျောင်းသားနဲ့ကစားနေကြချိန်၊ အဓမ္မကျင့်ခြင်းခံလိုက်ရပါတယ်။
အပျိုဖော်ဝင်‌စတောင်မရောက်သေးတဲ့ Sada အတွက်အိပ်မက်ဆိုးကြီးမက်လိုက်ရသလိုပဲ ပထမဆုံးအတွေ့အကြုံနဲ့ စိတ်ပိုင်းဆိုင်ရာကြီးမားတဲ့ဒဏ်ရာတစ်ခုရလိုက်ပါတယ်။
အိမ်ကပိုက်ဆံတွေယူလာပြီး စရိုက်မကောင်းတဲ့သူတွေနဲ့အပေါင်းအသင်းဖွဲ့မိကာ၊ ယောက်ျားအများစုနဲ့လိင်ကိစ္စပတ်သက်မှုတွေအစပြုလာပါတယ်။
ဒါတွေကြောင့်အကြီးအကျယ်ဒေါသထွက်တဲ့အဖေဖြစ်သူက “ အဲ့လောက်ထိယောက်ျားတွေကိုကြိုက်ရင် အဲ့အလုပ်လုပ်လိုက်!” ဆိုပြီး Sada ကို geisha မယ်အဖြစ်ရောင်းလိုက်ပါတယ်။
geisha မယ်ဆိုတာ ပြည့်တန်ဆာတော့မဟုတ်ပေမဲ့၊ အမျိုးသားဧည့်သည်တွေကို ဖျော်ဖြေ‌ပေးရတဲ့အလုပ်ဖြစ်ပါတယ်။

ဒါပေမဲ့ ဖခင်ဖြစ်သူကိုယ်တိုင်က သူမကိုရောင်းစားလိုက်တာကြောင့် Sada ဟာပိုပြီးစိတ်နာသွားကာ၊ ပြည့်တန်ဆာလုံးလုံးဖြစ်သွားခဲ့ပါတယ်။
ဒါတင်မကသေးဘဲ ယောက်ျားတကာနဲ့ချစ်ကြိုက်ပြီး သူမကြိုက်တဲ့ယောက်ျားနောက်ကိုလိုက်သွားခဲ့ပါတယ်။
ထိုယောက်ျားကတော့ Kichizo ပါပဲ။

အဖမ်းခံလိုက်ရတဲ့ Sada ကို၊ သတ်လိုက်တဲ့အကြောင်းအရင်းမေးကြည့်တဲ့အခါ

Kichizo ကိုအရမ်းချစ်လို့ သတ်လိုက်တယ်။
တခြားမိန်းကလေးတွေကို မပိုင်ဆိုင်စေချင်ဘူး။” လို့ပြောပါတယ်။..

ဒါဆိုဘာကြောင့် ယောက်ျားတန်ဆာကိုဖြတ်ပြီး အဲ့ဒါနဲ့အတူလျှောက်သွားနေခဲ့တာလဲလို့ ထပ်မေးလိုက်တဲ့အခါ

“ ချစ်စရာအကောင်းဆုံး တန်ဖိုးရှိတဲ့အရာမို့လို့ပါ
အဲ့အတိုင်းထားလိုက်မယ်ဆို သူ့ဇနီးကသေချာပေါက်လာကိုင်မှာ
ယူသွားမယ်ဆို Kichizo နဲ့အတူနေရသလိုခံစားရပြီး အထီးမကျန်တော့ဘူးလို့တွေးမိတာကြောင့်ပါ” လို့ပြောလိုက်ပါသတဲ့…..

Sada ဟာ စိတ္တဇဖြစ်နေခဲ့တာများလား?
ဒါမှမဟုတ် တကယ့်ကိုတစ်ယောက်တည်းပိုင်ဆိုင်ချင်တဲ့စိတ်ကပိုထက်သန်နေတာကြောင့်လား?
ပထမဆုံးသူ့ကိုဖျက်ဆီးခဲ့တဲ့ယောက်ျားနဲ့ သူမအဖေအပါအဝင်ရှိသမျှယောက်ျားတိုင်းကိုမှန်းနေတာကြောင့်များလား?

ဘာကြောင့်လဲဆိုတာမသိရပေမဲ့ ဂျပန်ရဲ့ပြစ်မှုဆိုင်ရာသမိုင်းကြောင်းတစ်လျှောက်မှာတော့ ၊ တော်တော်လေး နာမည်ကြီးသွားတဲ့အမှုဖြစ်ခဲ့ပါတယ်။
ဒီဓါတ်ပုံကတော့ Sada အသက် ၃၂ နှစ်၊ သူမအဖမ်းခံလိုက်ရချိန် ဖြစ်ပါတယ်။

https://www.pinterest.jp/pin/254101603954686242/

တရားရုံးက ဒါကိုပုံမှန်မဟုတ်တဲ့လူသတ်မှုဖြစ်ပြီး၊ အချစ်ကြောင့်ရူးမိုက်သွားတဲ့ case အဖြစ်ကိုင်တွယ်ကာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ နှစ်သတ်မှတ်လိုက်ပါတယ်။ အဲ့ဒီနောက်ပြန်လွှတ်လာပါတယ်။
နောက်ပိုင်းနာမည်ကိုပြောင်းလိုက်ပြီးရှာဖွေစားသောက်ရင်း၊ ယောက်ျားတစ်ယောက်နဲ့လက်မထပ်ဘဲအတူနေဖြစ်သွားပါတယ်။
ဒါပေမဲ့ မကြာခင်မှာပဲ သူမဟာ 阿部定Abe Sada ပဲဆိုတာသိသွားကြပြီး သူမထွက်ပြေးသွားပါတယ်။

ဒါပေမဲ့ Kichizo ရဲ့အုတ်ဂူမှာတော့ နှစ်တိုင်းအောက်မေ့ဘွယ်နေ့ကိုရောက်လာရင် ပန်းတွေရောက်လာတတ်ပါတယ်။

ဒီအမှုကဂျပန်တစ်ခွင်နာမည်ကြီးသွားပေမဲ့၊ သတင်းစာကုမ္ပဏီကတော့ ယောက်ျားတန်ဆာဆိုတဲ့အသုံးအနှုန်းကို ဘယ်လိုဖော်ပြရင်ကောင်းမလဲဆိုပြီး တော်တော်လေးဒုက္ခရောက်ခဲ့ရရှာတယ်။

အမျိုးသားလိင်အင်္ဂါ၊ မျိုးပွားလိင်အင်္ဂါဆိုရင် အသုံးအနှုန်းကြမ်းသွားမလားဆိုပြီး ဆွေးနွေးပြီးတဲ့နောက်မှာတော့ “ ခန္ဓာကိုယ်အစိတ်အပိုင်း” “ ခါးအောက်ပိုင်း” ဆိုတဲ့အသုံးအနှုန်းကိုသုံးခဲ့ကြပါတယ်။ ဒါဟာလက်ရှိအချိန်ထိသတင်းတွေမှာလည်း ဒီလိုစကားလုံးတွေပဲအသုံးပြုလာခဲ့ကြပါတယ်။

ယောက်ျားအချင်းချင်းဘက်ကနေပြောရရင် ကျွန်တော်တို့ (   ) ကလည်းအဖြတ်ခံရနိုင်ချေရှိကြောင်း သက်သေပြလိုက်တဲ့ ကြောက်စရာသတင်းတစ်ပုဒ်ပါပဲ…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: