အိုဆာကာရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အကြီးစားစက်ယန္တရားကြီး လူနေအိမ်ပေါ်လဲကျသွားခဲ့

၂၃ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်မှာ၊ အိုဆာကာရှိ Kawachi Nagano မြို့ လူနေအိမ်ဧရိယာရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ အကြီးစားစက်ယန္တရားလဲကျသွားခဲ့တယ်လို့ အနီးနားနေထိုင်သူအမျိုးသမီးတစ်ဦးက 110 သို့ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ မီးသတ်တို့ရဲ့အဆိုအရ တိုက်ခန်းအဆောက်အအုံဖြိုချတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သံပိုက်လိုင်းကိုဆွဲထုတ်ဖို့ အကြီးစားစက်ယန္တရားဟာအလုပ်လုပ်နေတုန်း ဟန်ချက်မထိန်းနိုင်ဘဲ လဲကျသွားပြီး၊ အရှည် ၂၅ မီတာခန့်ရှိ စက်၏လက်တံက အနီးရှိအိမ် ၂ လုံးပေါ်ကိုလဲကျသွားခဲ့ပါတယ်။
ဒီမတော်တဆမှုမှာ အိမ်ရှင်တွေဘက်ကထိခိုက်အနာတရဖြစ်သွားသူတွေတော့မရှိပေမဲ့၊ ဒီယန္တရားကြီးကိုကိုင်တွယ်ခဲ့သူ အသက် (၇၀) အရွယ်အမျိုးသားကတော့ ခါးထိသွားပြီး၊ ဒဏ်ရာအနည်းငယ်ရရှိသွားပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: