ဗိုင်းရပ်စ်အစစ်ကိုအသုံးပြုပြီး “ N95 mask” ရဲ့ခံနိုင်ရည်ကိုစမ်းသပ်ခဲ့

N95 mask နဲ့ရောဗိုင်းရပ်စ်ကိုအပြည့်အဝကာကွယ်နိုင်မယ်လို့ထင်ပါသလား?
တိုကျိုတက္ကသိုလ်မှပါမောက္ခတွေဟာ Corona ဗိုင်းရပ်စ်ကိုအမှန်တကယ်အသုံးပြုပြီးစမ်းသပ်မှုကို ကမ္ဘာမှာပထမဆုံးပြုလုပ်ခဲ့ပါတယ်။
mask တွေကဘယ်လောက်အထိကာကွယ်မှုပေးနိုင်သလဲဆိုတာနဲ့ပတ်သတ်ပြီး လေ့လာခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိဝတ်ဆင်နေကြတဲ့ mask တွေကတကယ်ပဲဗိုင်းရပ်စ်ကိုအပြည့်အဝကာကွယ်မှုပေးနိုင်မယ်လို့ ထင်သူတွေအများကြီးရှိမှာပါ။

“ တစ်ခါသုံး mask နဲ့ ပိတ်သား mask တွေရဲ့ကြားစွမ်းဆောင်ရည်ဘာများကွာခြားမှုရှိသလဲ?”
ဒီမေးခွန်းနဲ့ပတ်သက်ပြီး အဖြေပေးဖို့ရန်အတွက် တိုကျိုတက္ကသိုလ်မှာစမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ mask ရဲ့ကာကွယ်နိုင်မှုရာခိုင်နှုန်းကိုသိဖို့ တကယ့်အစစ်ကိုရိုနာဗိုင်းရပ်စ်ကို အသုံးပြုစမ်းသပ်ခဲ့ကြပါတယ်။ ဒီလိုစမ်းသပ်မှုကတော့ ကမ္ဘာ့ပထမဦးဆုံးပဲလို့ပြောပါတယ်။

https://news.tv-asahi.co.jp/news_society/articles/000196270.html

သေသေချာချာအကာအကွယ်လုပ်ထားတဲ့မှန်ဘောင်ထဲမှာ ရုပ်တု ၂ ခုကိုထည့်ထားပြီး၊ ဘယ်ဘက် ရုပ်တု ကနေဗိုင်းရပ်စ်ကိုရှူထုတ်မယ့်ပုံစံပါ။ ဗိုင်းရပ်စ်ကိုတော့ ‌ရောဂါရှိသူထံကနေနမူနာယူထားတာပါ။
ညာဘက်ရုပ်တုကိုတော့ mask တပ်ပေးထားပြီး ဗိုင်းရပ်စ်သတ်ပေးတဲ့ကိရိယာပါ တပ်ဆင်ပေးထားတယ်။
နောက်ပြီး အသက်ရှူဆက်ကိုပါတွဲထားလို့ ‌ရောဂါရှိသူချောင်းဆိုးပြီးထွက်လာတဲ့အမြန်နှုန်းအတိုင်း ဘယ်ဘက်ကနေဗိုင်းရပ်စ်တွေထုတ်လွှတ်လိုက်ပါတယ်။ ဒါကို ညာဘက်ရုပ်တုက ရှူလိုက်တဲ့ပုံစံ..

mask ကလည်း ၃ မျိုးရှိတယ်။ “ ပိတ်သား mask” “ ၃ လွှာပါတဲ့ တစ်ခါသုံးmask” နဲ့ဆရာဝန်တွေသုံးကြတဲ့ “ N95 mask” ..
အရင်ဆုံး “ ပိတ်သား mask” နဲ့စမ်းသပ်လိုက်တဲ့အခါ ရှူလိုက်တဲ့ပမာဏမှာဗိုင်းရပ်စ် 60% ကနေ 80% လောက်ပါသွားတယ်။ mask မတပ်တာထက်စာရင်တော့ အများကြီးသာပါတယ်။
“ ၃ လွှာပါတဲ့ တစ်ခါသုံးmask” က 50% ပဲကာကွယ်နိုင်တယ်။
“ N95 mask” ကတော့ ရှူလိုက်တဲ့ပမာဏမှာ 10% ကနေ 20% အထိဗိုင်းရပ်စ်တွေဝင်ရောက်နိုင်ပါတယ်။ (အပြည့်အဝမဟုတ်ဘူးနော်..)

ဒီလိုစမ်းသပ်ခြင်းကြောင့် ဘယ် mask ပဲတပ်တပ် ဗိုင်းရပ်စ်ကိုလုံးဝမကာကွယ်နိုင်တာကိုသိလာရပါတယ်။
နောက်ပြီး ဗိုင်းရပ်စ်ရှူထုတ်သူဘက်ကနေ mask တပ်ပေးလိုက်ပြီး တစ်ဘက်ကိုဖွင့်ပေးလိုက်တဲ့အခါ ဗိုင်းရပ်စ်ရှူသွင်းမှုပမာဏ ကြီးမားစွာလျော့နည်းသွားတာကိုသိရပါတယ်။
လက်တွေ့စမ်းသပ်မှုပြုလုပ်တဲ့ ပါမောက္ခ Kawaoka နဲ့လုပ်ဖော်ကိုင်ဘက်တွေက mask အပေါ်မှာပဲအလွန်အမင်းယုံကြည်မှုတွေမထားဖို့နဲ့ အခြားသောရောဂါကူးစက်မှုကာကွယ်တားဆီးရေးတွေကိုပါလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

source:ANN

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: