ဂျပန် Toshiba က “ Quantum cryptography” ကိုပြည်တွင်း စီးပွားဖြစ်စတင်ရောင်းချမည်ဟုကြေညာ

သီအိုရီအရ လျှို့ဝှက်စာတွေအဓိပ္ပါယ်ဖော်ခြင်း၊ ခိုးနားထောင်ခြင်း စတာတွေလုပ်လို့မရတဲ့ မျိုးဆက်သစ် စာတွေကိုလျှို့ဝှက်သင်္ကေတနဲ့ရေးတဲ့နည်းပညာ “ Quantum cryptography” ကို ဂျပန်နိုင်ငံရှိ Toshiba က ပြည်တွင်းမှာပထမဦးဆုံးစီးပွားဖြစ်ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးအရင်ဆုံးပြောရမှာက Quantum key distribution (QKD) ဆိုတာဘာလဲ?
Quantum key distribution (QKD) ဆိုတာက စွမ်းအင်ယူနစ်သဘောတရားနဲ့သက်ဆိုင်သည့်အစိတ်အပိုင်းများပါဝင်နေပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံလျှို့ဝှက်သင်္ကေတနဲ့ရေးပို့ကြတဲ့ စိတ်ချလုံခြုံရတဲ့ဆက်သွယ်ရေးနည်းလမ်းဖြစ်ပါတယ်။
သူကဘာကိုလုပ်နိုင်လဲဆိုရင် အပြန်အလှန် ၂ ဦးတည်းသာသိနိုင်တဲ့ random secret key ကိုထုတ်ပေးပြီး၊ စာနဲ့သတင်းအချက်အလက်တွေကို သက်ဆိုင်သူတွေသာဖတ်ရှိနားလည်နိုင်မယ့်ကုဒ်တွေအဖြစ်ပြောင်းလဲပေးပါတယ်။ ဂဏာန်းအက္ခရာတွေနဲ့အစားထိုး ရေးသားထားတဲ့အတွက် ကြားလူဝင်ဖတ်လို့မရနိုင်တော့ပါဘူး။
ဒါဆို quantum cryptography ပမာဏနည်းလျှပ်စစ်သံလိုက်စွမ်းအင်နဲ့ရေးတဲ့လျှို့ဝှက်စာတွေက မပျက်စီးနိုင်တော့ဘူးလားလို့ဆိုရင် သုတေသီတွေကတော့ ထိုစာတွေကဟက်ခံရနိုင်ချေရှိတယ်လို့တော့ပြောကြပါတယ်။

ဒီစနစ်ဟာ လွန်ခဲ့တဲ့ 2000 ခုနှစ်မတိုင်ခင်ကတည်းကရှိနေခဲ့ပြီးသားပါ။ အတိအကျပြောရရင် 1970 ခုနှစ်အစောပိုင်ကတည်းကဖြစ်ပြီး၊ Stephen Wiesner နဲ့ Gilles Brassard တို့ကအစပြုခဲ့တယ်။ ဒါနဲ့ပဲ New York, Columbia University ရဲ့ Wiesner ဟာ လျှပ်စစ်သံလိုက်စွမ်းအင်နဲ့ကုဒ်တွေရေးတာကို မိတ်ဆက်ပေးခဲ့ပါတယ်။

သို့သော်အခုကတော့ ဂျပန်ရဲ့ Toshiba ဟာ ထိုစနစ်ကို ပြည်တွင်းမှာစီးပွားဖြစ်ပြန်ရောင်းမယ်လို့ ကြေညာလိုက်ခြင်းဖြစ်ပါတယ်။
Quantum cryptographic Communication ကို စူပါကွန်ပျူတာထက် စွမ်းဆောင်ရည်မြင့်မားတဲ့ quantum computer နဲ့တောင်စာဖော်လို့မရတဲ့အတွက် “ အဆုံးစွန်သောစာဝှက်စနစ်” အဖြစ်မျှော်လင့်ထားကြတဲ့ နည်းပညာပဲဖြစ်ပါတယ်။

Toshiba ဟာဒီနယ်ပယ်မှာတော့ ကမ္ဘာပေါ်မှာမူပိုင်ခွင့်အရေအတွက်အများဆုံးဖြစ်ပြီး၊ အမျိုးသားသုတေသနဌာနကနေအမိန့်စာလည်းရရှိထားတဲ့အပြင်၊ အမေရိကန်နဲ့အင်္ဂလန်ရဲ့ အဓိကဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ယခုနှစ်ကနေစပြီး စီးပွားအဖြစ်စတင်မယ်လို့ ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံမှာတော့ လက်တွေ့ကျကျအသုံးပြုဖို့ရည်ရွယ်တဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုကို တိုးချဲ့နေတဲ့အပြင်၊ တောင်ကိုရီးယားနဲ့ဂျာမနီမှာလည်း ကွန်ရက်များတည်ဆောက်တဲ့လှုပ်ရှားမှုကိုအစပြုလာလျှက်ရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး Toshiba ကတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာဂျပန်ပြည်တွင်းဝန်ဆောင်မှုကိုစတင်လည်ပတ်မှာဖြစ်ပြီး ဈေးကွက်ပမာဏ ၂ ထရီလီယံထက်ကျော်သွားမယ့် ၂၀၃၅ ခုနှစ်မှာတော့ ရှယ်ယာ ၂၅ % ပိုင်ဆိုင်ဖို့ မျှော်မှန်းတယ်လို့ဆိုပါတယ်. ..
source:ANN

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: