အသက်ရှူစနစ်ကိုပဲအခြေခံထားတဲ့ ဗိုင်းရပ်စ်စစ်ဆေးခြင်းနည်းလမ်းကို စမ်းသပ်နေပြီး။

Corona ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လာတာနဲ့ပတ်သက်ပြီး “ ပုံစံအသစ်စစ်ဆေးခြင်းနည်းလမ်း” ကိုဒီနေ့ ၁၆ ရက်နေ့ကနေအစပြုလိုက်ပါပြီး..
လူတွေရဲ့ပါးစပ်နဲ့ နှာခေါင်းကနေ ပုံမှန်အသက်ရှူခြင်းနည်းကိုပဲ အသုံးချလိုက်တာပါ..

၁၆ ရက်နေ့အတွက် တိုကျိုမှာကူးစက်တဲ့လူနာတွေကတော့ စုစုပေါင်း ၁၈၄ ဦးဖြစ်ပြီး ၁၅ ရက်နေ့တုန်းကတော့ ၂၈၄ ဦးဖြစ်ခဲ့ပါတယ်။
အခြေအနေတွေကတော့ စိတ်မချရသေးပါဘူး..
ဒီ Corona ဗိုင်းရပ်စ်ကိုစစ်ဆေးတဲ့နေရာမှာ နာကျင်တယ်ဆိုပြီးအနည်းငယ်အခက်အခဲလေးတွေရှိကြားရပါတယ်။ သို့သော် ဒီနေ့ ၁၆ ရက်နေ့ Tohoku University မှာ စစ်ဆေးမှုပုံစံအသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။
Tohoku University နဲ့ Shimadzu Corporation တို့ဟာ အသံရှူစနစ်ကိုအခြေခံတဲ့ ဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနိုင်တဲ့ system ကိုတီထွင်လိုက်ပါတယ်။

အသက်ရှူထုတ်လိုက်တဲ့လေကို အရည်အဖြစ်ပြောင်းလဲလိုက်ပြီး၊ တီထွင်ထားတဲ့စက်ကိုအသုံးပြုကာ analyzer ကနေတစ်ဆင့် ဗိုင်းရပ်စ်ရှိမရှိကို စစ်ဆေးလိုက်တာပါ။
သမားရိုးကျနည်းနဲ့ ဗိုင်းရပ်စ်စစ်တာကတော့ နှာခေါင်းနဲ့လည်ချောင်းအနောက်ဘက်မှာရှိတဲ့ ချွဲတွေကိုယူပြီးမှာ ပြန်လည်ခွဲခြားစိတ်ဖြာတဲ့နည်းပါ..ဒါကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိပါတယ်။
ဒါပေမဲ့ အခုတော့ အနာခံစရာမလိုတော့ပါဘူး..

အသက်ရှူတဲ့စနစ်ကိုပဲအခြေခံပြီး နာကျင်ဖို့လည်းမလိုတော့တဲ့ ဗိုင်းရပ်စ်စစ်ဆေးနည်းကို ပြုလုပ်နိုင်လာပြီလို့ဆိုနိုင်ပါတယ်။ နောက်ပြီးစစ်လို့မရတဲ့ အဆုတ်နဲ့လေပြွန်ရဲ့အခြေအနေကိုပါ စစ်ဆေးနိုင်လာမယ်လို့ဆိုပါတယ်။
ဒီအသက်ရှူမှုကိုအခြေခံပြီးစစ်တဲ့စနစ်နဲ့ပတ်သက်ပြီးတော့ Tohoku တက္ကသိုလ်မှာတော့ လက်တွေ့စမ်းသပ်မှုတွေပြုလုပ်နေပြီးအချက်အလက်စုဆောင်းလျှက်ကာ၊ အမြန်ဆုံး ၁ နှစ်ကြာအတွင်းမှာပဲ လက်တွေ့အသုံးချနိုင်ဖို့မျှော်မှန်းထားတယ်လို့ဆိုပါတယ်။
တစ်ခါစစ်ဖို့အရေးမနာကျင်ရတော့တဲ့အပြင်၊ အဆုတ်နဲ့လေပြွန်လမ်းကြောင်းအခြေအနေကိုပါကြည့်နိုင်တယ်ဆိုတော့ ..ဒါသူ့ရဲ့ကောင်းတဲ့အချက်ပါ…
သို့ပေမယ့် ကောင်းတဲ့အချက်ဆိုသလို risk ကလည်းရှိနိုင်မလားမသိပါဘူး.. risk နဲ့ပတ်သက်ပြီးတော့ ဘာမှမပြောထားသေးပါ..မရှိဘူးဆိုရင်တော့ အကောင်းဆုံးပါပဲ..ဒါဟာစာရေးသူတစ်ယောက်တည်းရဲ့အမြင်ဖြစ်ပါတယ်။..
source:ANN

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: