(၁၃) ရက်နေ့က ယိုကိုဟားမား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

(၁၃) ရက်နေ့က ယိုကိုဟားမားဘူတာအနီးရှိ ပြန်လည်တည်ဆောက်ရေးစီမံကိန်းရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုကျမှုဖြစ်ပြီး၊ အသက် ၆၂ ဦးအရွယ်ရှိဆောက်လုပ်ရေးအမျိုးသားတစ်ဦး ထိုပြိုကျမှုမှာပါဝင်သွားခဲ့ပါတယ်။
ထိုအမျိုးသားကိုကယ်တင်ခဲ့ပေမဲ့ အသက်ဆုံးရှုံးသွားကြောင်းအတည်ပြုရရှိခဲ့ပါတယ်။

 

ရဲ့အရာရှိများထံကတစ်ဆင့်သိရှိရခြင်းက ၁၃ ရက်နေ့နံနက် ၉ နာရီခွဲလောက်မှာ ယိုကိုဟားမားဘူတာအနီးရှိဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေအောက်တူးဖော်ထားတဲ့မြေကြီးများပြိုကျသွားပြီး၊ အလုပ်သမားတစ်ဦးလည်းထိုပြိုကျမှုမှာပါဝင်သွားခဲ့ပါတယ်။ ထိုအမျိုးသားကိုတော့ ၉ နာရီအကြာနောက်ပိုင်ကယ်ဆယ်မှုတွေလုပ်ခဲ့ပေမဲ့၊ သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ရပါတယ်။
ထိုအမျိုးသားဟာ မြေကြီးတူးထားတဲ့နေရာအတွင်းစုဝေးနေတဲ့ရေကိုစီးဆင်းစေဖို့ မြေကိုဆက်ပြီးထိန်းသိမ်းထားခြင်းမရှိတဲ့နေရာမှာ ရောက်နေခဲ့တယ်လို့ မြင်ရပါတယ်။
ရဲတပ်ဖွဲ့က လုပ်ငန်းခွင်တာဝန်ရှိသူတွေဆီကအချက်အလက်များရယူပြီး၊ မတော်တဆမှုအကြောင်းအရင်းကိုအသေးစိပ်စစ်ဆေးသွားဖို့ရှိပါတယ်။ ဖြစ်တဲ့နေရာကတော့ ယိုကိုဟားမားဘူတာအနောက်ထွက်ပေါက်ကနေ ခန့်မှန်းချေ ၃၀၀ မီတာအကွာလောက်မှာဖြစ်ပြီး၊ ပြန်လည်တည်ဆောက်ရေးစီမံကိန်းအနေနဲ့ အထပ်မြင့်တိုက်ဆောက်လုပ်ရေးအတွက် လုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။
source:ANN

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: