ဂျပန်လေတပ်ကာကွယ်ရေးအရေးပေါ်ပျံသန်းမှု နှစ်ဝက်အတွင်းမှာပဲ ၃၇၁ ကြိမ်ရှိကြောင်းသိရ

ကာကွယ်ရေးဝန်ကြီးက ယခုနှစ်ပထမနှစ်ဝက်ရဲ့ ကာကွယ်‌ရေးလေတပ်ဖွဲ့များ အရေးပေါ်လွှတ်တင်မှု ၃၇၁ ကြိမ်တောင်ရှိပြီလို့ပြောကြားလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ကီရှီဟာ “ ကျွန်တော်တို့နိုင်ငံပိုင်နက်ထဲမှာ တရုတ်နဲ့ရုရှားတပ်တို့ရဲ့ ကျူးကျော်မှုတွေခပ်စိပ်စိပ်ရှိလာပါတယ်။
ထိုလမ်းအကြောင်းအပေါ်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေဖို့လိုအပ်ကြောင်းသုံးသပ်မိတယ်” လို့ပြောပါတယ်။

လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့တိုက်လေယာဥ်တွေဟာ ဂျပန်ပိုင်နက်အတွင်းကိုချဉ်းကပ်လာတဲ့နိုင်ငံခြားလေယာဥ်တွေရဲ့ ကျူးကျော်ခြင်းကိုကာကွယ်ဖို့အတွက် အရေးပေါ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ရပြီး၊ ထိုလှုပ်ရှားမှုဟာယခုနှစ်အတွင်း ပထမနှစ်ဝက်မှာပဲ အကြိမ်ပေါင်း ၃၇၁ ကြိမ်ရှိနေပြီလို့ဆိုလာပါတယ်.
ဒီထဲမှာ တရုတ်လေယာဥ်တွေကပဲ အကြိမ်ပေါင်း ၂၃၄ ကြိမ်နဲ့၊ ရုရှားလေယာဥ်ကတော့ ၁၃၄ ကြိမ်ရှိခဲ့ပါတယ်။
မနှစ်ကထက်စာရင်တော့ ၉၉ ကြိမ်ထက်နည်းကြောင်းသိရပါတယ်။

ကာကွယ်ရေးဝန်ကြီးချုပ်ရဲ့အဆိုအရ တရုတ်လေယာဥ်၊ ရုရှားလေယာဥ်နဲ့အတူ အဓိကသတင်းအချက်အလက်လာစုဆောင်းတဲ့လေယာဥ်တွေလို့ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးဟာ အဆက်မပြတ်နှိုးနှိုးကြားကြားရှိနေဖို့ညွှန်ကြားထားပါတယ်။

https://news.tv-asahi.co.jp/articles_img/000194657_640.jpg

 

ဒါတင်မကသေးဘဲ (၂) ရက်နေ့ရဲ့မွန်းလွဲပိုင်းမှာလည်း ရုရှားရဟတ်ယာဥ်တစ်စီးက ဟိုကိုင်းဒိုး Cape Shiretoko ရဲ့ကောင်းကင်လေပိုင်နက်မှာကျူးကျော်ခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါရဟတ်ယာဥ်က ဒီလိုမောင်းနှင်ခွင့်မရှိပေမဲ့ ဂျပန်ပိုင်နက်အတွင်းကိုမိနစ်အနည်းငယ်ခန့်ပျံသန်းခဲ့ပါတယ်။ ရုရှားအလံပါတဲ့ အဝါရောင်လေယာဥ်ကိုယ်ထည်မှာအနီရောင်ကြက်ခြေခတ်အမှတ်အသားကိုလည်းတွေ့ရတဲ့အတွက် စစ်ဘက်လေယာဥ်တော့မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချခဲ့ကြပါတယ်။ ထိုလေယာဥ်ကမတော်တဆနယ်မြေထဲရောက်သွားခြင်း ဖြစ်နိုင်ကြောင်းကာကွယ်ရေးဝန်ကြီးချုပ်ကဆိုထားပါတယ်။ ..
ဒါပေမဲ့ ဒီလိုကျူးကျော်မှုတွေကနှစ်ဝက်အတွင်းမှာပဲ ၃၇၁ ကြိမ်ရှိနေပြီဆိုတော့ ဒါကလည်းသတိပြုစရာတစ်ခုပဲပေါ့…
အချက်အလက်များကိုတော့ ဂျပန်သတင်းဌာနကတစ်ဆင့်ပြန်လည်ဖော်ပြလိုက်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: