မုန်တိုင်းနံပါတ် (၁၄)ကြောင့် JR Central ကလည်းအချို့လိုင်းများပြေးဆွဲမှုဆိုင်းငံ့မည်ဟုပြောကြား

အင်အားကောင်းတဲ့ မုန်တိုင်းနံပါတ် (၁၄)၊ ၁၀ ရက်နေ့မှာ ဂျပန်ကျွမ်းမကြီးအနီးဆုံးကိုချည်းကပ်လာပြီး၊ Kanto ဒေသတွေမှာ မိုးကြီးပြီးလေပြင်းများတိုက်ခတ်လာမှာဖြစ်တဲ့အတွက် အားလုံးသတိရှိဖို့လိုအပ်ပါတယ်။

မုန်တိုင်းနံပါတ် (၁၄)ဟာအင်အားကောင်းကောင်းနဲ့ Shikoku ရဲ့ တောင်ဘက်ပင်လယ်ပြင်ကနေမြောက်ဘက်ကိုဦးတည်လာပါပြီး။
Kyushu နဲ့ Shikoku မှာနေရာတော်တော်များများလေတိုက်နှုန်း ၁၅ မီတာနဲ့အထက်လေပြင်းများတိုက်ခတ်နိုင်ပြီး အနောက်ဂျပန်ဘက်မှာတော့ တစ်ချက်တိုက်နှုန်း ၂၀ မီတာကျော်တဲ့ အင်အားနဲ့သက်ရောက်နေပါတယ်။
(၉)ရက်နေ့မွန်းလွှဲမှာတော့ မုန်တိုင်းရဲ့ဦးတည်ရာဟာအရှေ့ဘက်ကိုပြောင်းလဲလာကြောင်း ခန့်မှန်းရပါတယ်။
နောက်ပြီး ၁၀ ရက်နေ့ညလောက်မှာ Kanto ရဲ့တောင်ပိုင်းပင်လယ်ပြင်ကိုဆက်သွားမှာပါ။ Kanto ကိုဖြတ်သွားမှာဖြစ်လို့ တိုကျိုကတော့ပြေးမလွတ်ပါဘူး။
အနောက်ဂျပန်ကနေအရှေ့ဂျပန်ဆီသို့ တောက်လျှောက်ပစိဖိတ်သမုဒ္ဒရာဘက်အခြမ်းမှာ ၁၀ ရက်နေ့လေတိုက်နှုန်းကြမ်းပြီး၊ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လှိုင်းကြီးနိုင်တဲ့အတွက်လည်း သတိရှိကြဖို့ နှိုးဆော်ထားပါတယ်။

https://news.tv-asahi.co.jp/news_society/articles/000195111.html

နောက်ပြီး JR Central က ၁၀ ရက်နေ့နေ့လည်ကနေ တိုကျိုနဲ့ ရှင်းအိုဆာကာကြားပြေးဆွဲနေတဲ့ Tokaido Shinkansen ရဲ့ပို့ဆောင်ဆက်သွယ်ရေးလည်းလျော့ချလိုက်မှာဖြစ်သလို၊ ပြေးဆွဲမှုဆိုင်းငံ့ထားနိုင်ချေရှိကြောင်းဖော်ပြချက်တွေကိုလည်း ဂျပန်သတင်းဌာနရဲ့ပြောပြချက်အရသိရပါတယ်။

 

JAPO Myanmr

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: