၁၂ ကီလိုအထိသယ်နိုင်တဲ့ “ စွမ်းအင်သုံးဝတ်စုံ”

အထုတ်အပိုးတွေရဲ့အလေးချိန်ကိုပေါ့ပါးစေမယ့် ဝတ်စုံစမ်းသပ်မှုအစပြုလာခဲ့ပါတယ်။
သူကတော့ “ စွမ်းအင်သုံးဝတ်စုံ” ပေါ့ ..
ဒါကိုဝတ်ထားလိုက်ပြီး အထုပ်အပိုးတွေကိုမလိုက်မယ်ဆို လက်ချောင်းမှာဝတ်ထားတဲ့ sensor ကိုဖိလိုက်တာနဲ့ ဝါယာကြိုးတွေက လက်ကိုမြောက်ပင့်ပေးလိုက်တဲ့ပုံစံပါ ..
ဒီဝတ်စုံရဲ့ထူးခြားချက်က လက် ၂ ဖက်လုံးရဲ့အားကို အများဆုံး ၁၂ ကီလိုအထိတောင်ထောက်ပံ့ပေးနိုင်တယ်။

 

 

ဒီဝတ်စုံကိုထွင်လိုက်တာက နည်းပညာကုမ္ပဏီ Suzuyo ကပါ။ သူဟာဝတ်ဆင်နိုင်တဲ့robots တွေထုတ်လုပ်တဲ့
ATOUN နဲ့ပူးပေါင်းပြီး ခါးနဲ့လက်မောင်း ၂ ခုလုံးကိုအထောက်အကူပြုတဲ့ “ စွမ်းအင်သုံးဝတ်စုံ” ကိုစပြီးစမ်းသပ်ခဲ့ပါတယ်။
ကုန်ပစ္စည်းဖြန့်ဖြူးရေးအလုပ်ရုံတို့ cargo ပိုင်းတို့အတွက် အဓိကရည်ရွယ်ပြီးထုတ်တာဖြစ်ပြီး အလုပ်သမားတွေအတွက် ဝန်ကိုလျော့ချဖို့အတွက်လည်းဖြစ်တယ်လို့ဆိုပါတယ်။

ဒီအတိုင်းသာဆိုရင် အနာဂတ်မှာ ပိုပြီးကောင်းမွန်တဲ့စက်ရုပ်တွေပေါ်လာအုံးမယ်ထင်တယ်နော်…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: