Niigata ခရိုင်မှာ ဝက်ဝံတိုက်ခိုက်မှုဖြစ်ခဲ့တဲ့အတွက် “ ဝက်ဝံသတိပေးချက်” ထုတ်ပြန်ထားလျှက်ရှိ !!!

Niigata ခရိုင်မှာ ဝက်ဝံပေါပါတယ်။ နေထိုင်သူတွေလည်း တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်ခံရတယ်လို့ပြောတယ်။

ရဲတပ်ဖွဲ့ပြောပြချက်အရ Niigata ခရိုင် Sekikawa ကျေးရွာမှာ၊ ၁ ရက်နေ့ နံနက် ၉ နာရီကျော်လောက်က အသက် ၇၀ အရွယ်အမျိုးသမီးတစ်ဦးယာလုပ်တဲ့ခြံထဲမှာလဲကျနေတာကို အနီးအနားနေထိုင်သူတွေကတွေ့လိုက်ပါတယ်။ အမျိုးသမီးက “ ဝက်ဝံတစ်ကောင်တိုက်ခိုက်ခဲ့တယ်” လို့ပြောပြီး သတိလစ်သွားပါတယ်။

https://news.tv-asahi.co.jp/news_society/articles/000194525.html

အဲ့ဒါပြီးတဲ့နောက်ချက်ချင်းဆိုသလို မီတာ ၃၀၀ အကွာလောက်မှာ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး ဝက်ဝံတိုက်ခိုက်ခြင်းခံရပြီး အနီးအနားအိမ်တွေကိုအကူအညီတောင်းခဲ့တယ်။
ထိုအမျိုးသမီးကိုတော့ ဆေးရုံပို့လိုက်ရပါတယ်။ အချိန်အတိအကျအားဖြင့် နံနက် ၉ နာရီခွဲကျော်ပါ။
ရဲဌာနနဲ့ Sekikawa ကျေးရွာကလည်း နေထိုင်သူအားလုံးကိုသတိထားကြဖို့ နှိုးဆော်ထားပါတယ်။

အဲ့ဒါနဲ့တစ်လက်စတည်း ယနေ့ ၂ ရက်နေ့နံနက်မှာတော့ မူလတန်းကလေးများကျောင်းသို့သွားတဲ့အခါ ရဲများစေတနာ့ဝန်ထမ်းများလာပြီးစောင့်ကြည့်ပေးသလို၊ ကလေးများလည်းတစ်စုတစ်စည်းတည်းသွားကြရတာကိုတွေ့ရပါတယ်။
သူတို့လေးတွေလည်းလန့်နေမှာအသေအချာပါ။

လာစောင့်ကြည့်ပေးတဲ့စေတနာ့ဝန်ထမ်းကလည်း “ ကလေးတွေနည်းနည်းတော့လန့်သွားမှာပဲ။ သတိထားလို့ပြောပေမဲ့ အခန့်မသင့်ရင်လည်းဝက်ဝံတွေ့တာကြောင့် သတိထားဖို့ပဲပြောချင်တယ်” လို့ပြောပါတယ်။
အဲ့ဒီလိုဝက်တံတွေ့တဲ့ဒေသတွေမှာတော့ မလိုအပ်ဘဲအပြင်မထွက်ဖို့ သတိပေးထားပါတယ်။

ဒီ Niigata ခရိုင်ရဲ့နေရာတော်တော်များများမှာဝက်ဝံတွေတွေ့နေရတဲ့အတွက် ခရိုင်က “ ဝက်ဝံသတိပေးချက်” တွေကိုပါ ထုတ်ပြန်ထားပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: