ကာကွယ်ဆေးထိုးရန်ဆန္ဒရှိသူအားလုံးအတွက်အခမဲ့ဟုထုတ်ပြန်ပြီး၊ ပိုက်ဆံမပေးရမူဝါဒပါ ချမှတ် !!!

အားလုံးစောင့်မျှော်နေကြတဲ့ Corona ဗိုင်းရပ်စ်ကာကွယ်ဆေးအသစ်နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံဆိုင်ရာ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး၀န်ကြီးဌာနက ဆန္ဒရှိသူအားလုံးကိုအခမဲ့ထိုးပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်.

 

 

ပြည်တွင်းပြည်ပမှာပါ ထွက်လာဖို့မြင်နေရတဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အစိုးရက လာမယ့်နှစ်ဝက်လောက်ကနေစပြီး ထိုးပေးနိုင်ဖို့အတွက်ရည်ရွယ်ထားပါတယ်။ ဆေးသာအောင်မြင်သွားမယ်ဆိုရင် အမေရိကန်နဲ့အင်္ဂလန်ရဲ့ဆေးကုမ္ပဏီတွေကနေ ကာကွယ်ဆေး 120 million လောက်လက်ခံရရှိဖို့ အခြေခံသဘောတူညီချက်ရယူထားပြီး အခြားသောကုမ္ပဏီတွေနဲ့လည်း ညှိနှိုင်းထားလျှက်ရှိပါတယ်။
ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး၀န်ကြီးဌာနက ဆေးထိုးဖို့ဆန္ဒရှိသူတွေကို အသက်အရွယ်မကြည့်ဘဲ အားလုံးအတွက်အခမဲ့ဖြစ်ဖို့ ပိုက်ဆံမပေးရဆိုတဲ့ မူဝါဒကိုပါချမှတ်လိုက်ပါတယ်။
ဒါကိုတော့ ယနေ့ ၁၀ လပိုင်း၊ ၁ ရက်နေ့ ဂျပန်သတင်းဌာနဖော်ပြချက်အရသိရပါတယ်။

ဒီလိုရှင်းလင်းပြတ်သားတဲ့မူဝါဒကတော့ သဘောကျချင်စရာကြီးပါပဲ..

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: