ဗိုင်းရပ်စ်ကို မိနစ် ၃၀ တည်းနဲ့အခန်းတွင်းကထုတ်နိုင်ကြောင်း လေ့လာတွေ့ရှိ !!!

လေသန့်စင်စက်နဲ့လေအေးပေးစက်ကိုတစ်ချိန်တည်းဖွင့်မယ်ဆိုရင် ဗိုင်းရပ်စ်ကိုမြန်မြန်ဆန်ဆန်စုစည်းနိုင်မယ်။

Sharp Corporation က Kyoto နည်းပညာတက္ကသိုလ်နဲ့ပူးပေါင်းပြီး analysis တစ်ခုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ air con ရဲ့အောက်တည့်တည့်မှာ Sharp ရဲ့လေသန့်စက်ကိုထားလိုက်မယ်ဆို tatami 14 ချပ်စာရှိတဲ့အခန်းတွင်းရဲ့ ဗိုင်းရပ်စ်တွေကို မိနစ် ၃၀ တည်းနဲ့ အားလုံး filter မှာသွားစုနေမယ်လို့ ကြေငြာခဲ့ပါတယ်.

 

ကျိုတိုနည်းပညာတက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခ၊ Katsushi Yamakawa စံဟာ “ အခန်းထဲမှာ ဗိုင်းရပ်စ်တွေကပျံ့နှံ့နေမယ်ဆိုရင်တောင် လျော့ချလိုက်နိုင်တာကပိုပြီးကောင်းပါတယ်” လို့ပြောပါတယ်။
နောက်ပြီး လေသန့်စက်မရှိရင်တောင် air con ကိုဖွင့်နေရင်း လေဝင်လေထွက် လုပ်ထားမယ်ဆိုရင် ဗိုင်းရပ်စ်တွေအခန်းတွင်း မြန်မြန်ဆန်ဆန်ထွက်စေမှာပါ ဆိုပြီးပြောကြားရင်း ဆောင်းရာသီမှာ air con ကိုလည်းအသုံးပြုဖို့လည်းအကြံပြုထားပါတယ်။

အခန်းတွင်း ဗိုင်းရပ်စ်လျော့နိုင်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်မယ်ထင်ပါတယ်။

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: