(29) ရက်နေ့၊ တိုကျိုမြို့ ကူးစက်လူနာအသစ် 212 ဦးရှိ !!!

တိုကျိုမြို့အတွက်၊ (29) ရက်နေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာအသစ် ၂၁၂ ဦးရှိကြောင်းအတည်ပြုခဲ့ရပါတယ်။
ဒီတစ်ခါတော့ ၃ ရက်အကြာမှာ ၂၀၀ ပြန်ကျော်လာပါပြီး။

 

ကူးစက်လူနာများထဲမှာ အသက် ၁၀ နှစ်အောက်မှ အသက် ၉၀ အမျိုးသားအထိ ၂၁၂ ဦးဖြစ်ပါတယ်။ အသက်အရွယ်အရ
အသက် ၂၀ = ၅၂ ဦး
အသက် ၃၀ = ၃၉ ဦး
အသက် ၄၀ = ၃၃ ဦး
အသက် ၅၀ = ၃၁ ဦးရှိပြီး
ရောဂါလက္ခဏာဆိုးဝါးနိုင်တဲ့ အသက် ၆၀ နှင့်အထက်စုစုပေါင်း ၄၂ ဦးနဲ့အတူ အသက် ၁၀ နှစ်အောက်ကတော့ ၁၅ ဦးတို့ဖြစ်ပါတယ်။
ပြင်းထန်ဝေဒနာခံစားနေရသူများထဲမှ ၃ ဦးသက်သာသွားတဲ့အတွက် ၂၃ ဦးသာကျန်ပါတယ်။ တိုကျိုမြို့တွင်းမှာပဲ စုစုပေါင်းလူနာက ၂၅,၅၄၈ ဦးရှိပါတယ်။

အခြားသောမြို့တွေအတွက်ကတော့
(အိုဆာကာ) – ကူးစက်မှုအသစ် ၅၁ ဦး၊ သေဆုံးသူ ၁ ဦး၊ စုစုပေါင်း ၁၀,၅၃၄ ဦး ဖြစ်ပြီးယနေ့အချိန်ထိ သေဆုံးသူတွေ ၂၀၄ ဦးရှိပါပြီး။
(ကျိုတို) – ကူးစက်မှုအသစ် ၈ ဦးနဲ့ ဒီနေ့အတွက်သေဆုံးမှုမရှိ၊ စုစုပေါင်း ၁၇၄၇ ဦးရှိပါတယ်။
(Gifu စီရင်စု) – ကူးစက်မှုအသစ် ၁ ဦး၊ စုစုပေါင်း ၆၂၃ ဦးရှိပါပြီး။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: