ယမန်နေ့ကဲ့သို့ပဲ (25) ရက်နေ့၊ တိုကျိုကူးစက်လူနာအသစ် 195 ဦး ထပ်မံတွေ့ရှိ !!

(25) ရက်နေ့အတွက် တိုကျိုမှာအတည်ပြုလူနာအသစ် 195 ဦးရှိကြောင်းသိရပါတယ်။ အသစ်ကူးစက်ခံရသူဟာ မနေ့ကနဲ့အတူတူပါပဲ။

ကူးစက်ခံရသူတွေထဲမှာ အသက် ၁၀ နှစ်အောက်ကနေ အသက် ၉၀ အမျိုးသားအထိဖြစ်ပြီး စုစုပေါင်း ၁၉၅ ဦးဖြစ်ပါတယ်.
အသက်အရွယ်အလိုက်
အသက် ၂၀ = ၄၆ ဦး (အများဆုံး)
အသက် ၃၀ = ၃၉ ဦး
အသက် ၄၀ = ၄၀ ဦး (ဒုတိယအများဆုံး)
အသက် ၅၀ = ၂၃ ဦး တို့ဖြစ်ပြီး
ရောဂါလက္ခဏာပြင်းထန်သူအသက် ၆၀ နှင့်အထက် ၂၈ ဦး၊ ၁၀ နှစ်အောက် ၁၉ ဦးတို့ပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရောဂါလက္ခဏာပြင်းထန်သူ ၁ ဦးတိုးလာတာကြောင့်၊ စုစုပေါင်း ၃၀ ဦးရှိထားပါတယ်။
လူနာစုစုပေါင်းက ၂၄၈၄၄ ဦးရှိနေပြီးတော့ ဒီနေ့တိုကျိုမြို့အတွက်တော့ သေဆုံးသူမရှိသေးပါဘူး။
တိုကျိုအုပ်ချုပ်ရေးမှူး Koike စံဟာ ၂၅ ရက်နေ့မွန်းလွှဲပိုင်းအစည်းအဝေးမှာ “ ကူးစက်မှုကဧရိယာပိုပိုပြီးကျယ်ပြန့်လာပြီးတော့ အဲ့ဒါရဲ့အရင်းအမြစ်က အိမ်တွင်းကူးစက်မှုလို့ထင်ရပါတယ်။ အိမ်တွင်းလက်ဆေးခြင်းနဲ့ပိုးသတ်ဆေး၊ နောက်ပြီး နေ့စဥ်အသုံးအဆောင်များကိုလည်း တစ်ဦးနဲ့တစ်ဦးသက်သက်စီထားကြကာ၊ ကာကွယ်မှုတွေယူထားစေချင်တယ်” လို့ထပ်မံပြီး သတိပေးခဲ့ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: