(24) ရက်နေ့ ကူးစက်လူနာအသစ် 195 ဦး အတည်ပြု !!!

24 ရက်နေ့အတွက် တိုကျိုမြို့ကတော့ ကူးစက်လူနာ 195 ဦးလို့စစ်ဆေးအတည်ပြုခဲ့ပါပြီ။ ၃ ရက်ဆက်တိုက် တော်တော်လေးနည်းသွားပြီး ဒီနေ့မှာတော့ ၁၀၀ ပြန်ကျော်လာခဲ့ပါပြီ။

 

 

 

အသစ်ကူးစက်ခံရသူတွေကတော့ အသက် ၁၀ နှစ်မပြည့်သေးတဲ့ကလေးတွေကနေ အသက် ၉၀ ကျော်အမျိုးသားအပါအဝင်း ၁၉၅ ဦးဖြစ်ပါတယ်။ နှစ်အလိုက် –
အသက် ၂၀ = ၅၃ ဦး
အသက် ၃၀ = ၃၈ ဦး
အသက် ၄၀ = ၃၂ ဦး
အသက် ၅၀ = ၂၇ ဦးနဲ့
အသက် ၆၀ ကနေ ၉၀ အထိစုစုပေါင်းက ၂၅ ဦးဖြစ်ပြီးတော့ အသက် ၁၀ နှစ်အောက်က ၂၀ ဦးတို့ပဲဖြစ်ပါတယ်။

ပြင်းထန်ဖျားနာတဲ့လူတွေက အရင်နေ့ကဲ့သို့မပြောင်းလဲဘဲ ၂၈ ဦးဖြစ်ပါတယ်။ ယနေ့အတွက်လည်းအသေအပျောက်မရှိသေးပါဘူး။ တိုကျိုမြို့တွင်း လူနာစုစုပေါင်းကတော့ ၂၄၆၄၉ ဦးတို့ဖြစ်ကြောင်း ဂျပန်သတင်းဌာနရဲ့အဖော်ပြချက်အရသိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: