မုန်တိုင်းနံပါတ် 12 ကြောင့်၊ 24 ရက်နေ့မှာ ဂျပန်အရှေ့ပိုင်းကိုဦးတည်ပြီး မိုးသည်းထန်စွာရွာသွန်းမည် !!!!

ဂျပန်မှာ မုန်တိုင်းနံပါတ် 12 လာနေပါပြီ။ သူကတော့ ဂျပန်အရှေ့ပိုင်းကိုဦးတည်နေပြီးတော့ အဲ့ဒီအတိုင်း မြောက်ဘက်ကိုဆက်ပြီးဦးတည်သွားမယ်လို့ ခန့်မှန်းနေကြတယ်။
24 ရက်နေ့ Kanto ဒေသနဲ့အနီးဆုံးကိုရောက်လာမှာဖြစ်ပြီး၊ ဂျပန်အရှေ့ပိုင်းကိုဗဟိုပြုကာ မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။

 

ဆောင်းဦးမုတ်သုံလေကြောင့် မုန်တိုင်းမချည်းကပ်လာခင်ကတည်းက Honshu ရဲ့ ပစိဖိတ်ဒေသဘက်မှာ မိုးတွေရွာသွန်းနေတာပါ။
23 ရက်နေ့ညနေပိုင်းလောက် ကမ်းရိုးတန်းဒေသတွေမှာ မိုးများမယ်လို့ခန့်မှန်းနေကြပါတယ်။
ဒီမတိုင်ခင်က Kanto ရဲ့တောင်ဘက် ပင်လယ်မှာရွေ့လျားနေခဲ့ပြီး 24 ရက်နေ့မှာတော့ Kanto ဘက်ကိုပြန်နီးကပ်လာနိုင်တယ်လို့ ခန့်မှန်းရတာပါ..

24 ရက်နေ့မနက်အထိ ခန့်မှန်းထားတဲ့မိုးရေချိန်ကတော့ Tokai  နဲ့ Izu ကျွန်းဘက်မှာ 200 mm နဲ့ Kanto Koshin ဘက်မှာ 150 mm တို့ပဲဖြစ်ပါတယ်။
နောက်ပြီး မြေပြိုမှုနဲ့ မြစ်ရေလျှံမှုအတွက် အထူးသတိပြုထားဖို့လည်းလိုအပ်ကြောင်း ကြေငြာထားပါတယ်။
ဂျပန်အရှေ့ပိုင်းနေထိုင်သူများအားလုံး ဘေးရှင်းကြပါစေ…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: