(23) ရက်နေ့ တိုကျိုမြို့ကူးစက်လူနာ ၅၉ ယောက်သာရှိ !!!!

ယနေ့ (23) ရက်နေ့အတွက် တိုကျိုမြို့မှာအတည်ပြုလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံရသူပေါင်းကတော့ ၅၉ ဦးတည်းပါ။
ဒီလို လူ ၁၀၀ အောက်ကိုဆင်းသွားတာဟာ ၃ ရက်ဆက်တိုက်ရှိပြီး ..

လူနာစာရင်းကတော့ အသက် ၁၀ နှစ်အပြည့်တတ်သေးတဲ့အရွယ်ကနေ အသက် ၈၀ အရွယ်အထိ စုစုပေါင်း ၅၉ ဦးဖြစ်ပါတယ်။
အသက်အရွယ်အလိုက်-
အသက် ၂၀ = ၁၀ ဦး
အသက် ၃၀ = ၁၆ ဦး
အသက် ၄၀ = ၁၄ ဦး
အသက် ၅၀ = ၃ ဦး
အသက် ၆၀ – ၈၀ = ၁၂ ဦး တို့ဖြစ်ပြီး
အသက် ၁၀ နှစ်အောက် ၄ ဦးတို့ဖြစ်ပါတယ်။

 

 

၆ လပိုင်းကုန်ကနေစပြီး ၇ လပိုင်း၊ ၈ လပိုင်း တောက်လျှောက် လူ ၁၀၀ ကျော်လာခဲ့တာ ဒီနေ့တော့ ၆၀ တောင်မပြည့်ပါဘူး။ ဒါကလည်း ရုံပိတ်ရက်အတွင်းရောဂါရှာဖွေစစ်ဆေးမှုအရေအတွက် နည်းသွားခြင်းကြောင့်လည်းဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်။

ရောဂါလက္ခဏာပြင်းထန်တဲ့လူနာအရေအတွက်ကတော့ ၂၈ ယောက်အထိကျဆင်းသွားပါတယ်။ တိုကျိုရဲ့ ကူးစက်လူနာစုစုပေါင်းကတော့ ၂၄,၄၅၄ ရှိနေပြီလို့ ဂျပန်သတင်းဌာနပြောပြချက်အရသိရပါတယ်။
ယမန်နေ့ ၂၂ ရက်နေ့မှာလည်း ကူးစက်လူနာ ၈၈ ဦးသာလျှင်ရှိကြောင်း သိရပါတယ်။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်တော့ ဒီဗိုင်းရပ်စ်ကိုကောင်းကောင်းလေးကိုင်တွယ်နိုင်မယ်လို့ ထင်ရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: