တကယ့်ကိုထိတွေ့ချင်ပေမဲ့ တံခါးပေါက်မှန်ကနေတဆင့် အရိုအသေပြုရတဲ့ အသက်ကြီးသူများနေ့..!!!

ဂျပန်မှာ နှစ်စဥ်အသက်ကြီးသူတွေရဲ့ရာခိုင်နှုန်းမြင့်တက်လျှက်ရှိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီနေ့ဟာ ဂျပန်နိုင်ငံရဲ့အသက်ကြီးသူများနေ့ဖြစ်ပါတယ်။
敬老の日(けいろうのひ)Keirōnohi လို့ခေါ်ပါတယ်။ ဒီလိုနေ့မျိုးမှာ ဘိုးဘွားရိပ်သာမှာရှိတဲ့ မိမိနဲ့သက်ဆိုင်တဲ့ အသက်ကြီးသူများဆီသို့ သွားရောက်ဂုဏ်ပြုနှုတ်ဆက်ကြပါတယ်

ဒါပေမဲ့ ယခု ၂၀၂၀ ခုနှစ်မှာ Corona ဗိုင်းရပ်စ်ပြဿနာကြောင့် အသက်ကြီးသူများနဲ့တိုက်ရိုက်ထိတွေ့ဖို့ ပြဿနာတွေရှိနေပါတယ်။
ဒီအတွက်ကြောင့် ပြဿနာနဲ့လိုက်ပြီး အသက်ကြီးသူတွေထားတဲ့ ဘိုးဘွားရိပ်သာများလည်း ပုံစံပြောင်းလာခဲ့ပါတော့တယ်။

ဒါကတော့ ဖုန်းနဲ့ဆက်သွယ်ပြီး တံခါးမှန်ကနေအချင်းချင်းမြင်နိုင်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ ဒီမှာဖော်ပြထားတဲ့ မှန်ကနေတစ်ဆင့်ဆက်သွယ်နေကြတာကတော့ Takeo Mogami စံ(77) နှစ်နဲ့ မိခင်ဖြစ်သူ Kazuko စံ(103) နှစ်တို့ပဲဖြစ်ပါတယ်။ Kazuko စံကတော့ ဒီဘိုးဘွားရိပ်သာမှာ အသက်အကြီးဆုံးပါ..
Tokyo မြို့ Bunkyo ရပ်ကွက်ရှိ အသက်ကြီးသူတွေထားတဲ့ဘိုးဘွားရိပ်သာမှာတော့ ရိပ်သာတွင်းရှိသူများကိုအပြင်ထွက်ခြင်းနဲ့၊ မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းမျိုးကို လက်ရှိအချိန်ထိတားမြစ်ထားပါတယ်။

အခုထိတော့ coronavirus လက္ခဏာပြသူတွေမရှိသေးတဲ့အထဲမှာ အသက်ကြီးသူများနေ့ 敬老の日 ကတော့ တစ်ဖန်ရောက်လာခဲ့ပါတယ်။
ကဲ.. ဒါဆိုဘယ်လိုကြိုဆိုကြမလဲ?
ဘိုးဘွားတွေဟာ အပြင်ကမိသားစုနဲ့တွေ့ဖို့အဆင်မပြေပါဘူး။
အဲ့ဒီလို အထီးကျန်ဖို့ကောင်းတဲ့ အခြေအနေကို အနည်းငယ်လောက်ပြောင်းလဲချင်တဲ့ဆန္ဒနဲ့ ဘိုးဘွားရိပ်သာကတော့ ကြိုးပမ်းမှုတစ်ခုကိုအစပြုခဲ့ပါတယ်.

အဲ့ဒါကတော့ ကိုယ်တိုင်ဖန်တီးတဲ့ Photo share service ပါ။ ရိုက်လိုက်တဲ့ဓါတ်ပုံကနေ အလိုအလျောက်မျက်နှာကိုအတည်ပြုတယ်။ အဲ့ဒီကနေချက်ချင်း မိသားစုဝင်တွေကမြင်ရဖို့ ဆောင်ရွက်ပေးပါတယ်။

ယခုနှစ် 2020 မှာတော့ ဂျပန်တစ်နိုင်ငံလုံးအသက်ကြီးတဲ့ဘိုးဘွားပေါင်း ၃၆.၁၇ သန်း ရှိကြောင်းသိထားရပါတယ်။
ကဲ..ဒါဆို ဒီနေ့မှာကျရောက်တဲ့ အသက်ကြီးသူများနေ့ 敬老の日(けいろうのひ) မှာ ဘိုးဘွားတွေကိုဂုဏ်ပြုလိုက်ရအောင်နော်….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: