(14)ရက်နေ့၊ ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် မစ္စတာ Yoshihide Suga (၇၁ နှစ်) မဲအများဆုံးနှင့်အနိုင်ရရှိခဲ့ !!!!

ဒီကနေ့ ၁၄ ရက်နေ့မှာတော့ Liberal Democratic Party ရဲ့ဝန်ကြီးချုပ်ရွေးချယ်ပွဲကို တိုကျိုမြို့မှာကျင်းပခဲ့ပါတယ်။
ဒီရွေးချယ်ပွဲမှာ ပြည်နယ်အတွင်းရေးမှူး Yoshihide Suga, အတွင်းရေးမှူးချုပ်ဟောင်း Shigeru Ishiba နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Fumio Kishida တို့ကို ဝန်ကြီးချုပ်နေရာအတွက် လျာထားခဲ့ပါတယ်။

ဒီ ၃ ဦးထဲမှာ ဒီကနေ့ ၁၄ ရက်နေ့မှာတော့ ပြည်နယ်အတွင်းရေးမှူး Yoshihide Suga ဟာ မဲအများဆုံးနဲ့အနိုင်ရသွားပါတယ်။
အခုကနေစပြီး ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့်သူကတော့ Yoshihide Suga စံ (၇၁ နှစ်) ပဲဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: