(11) ရက်နေ့၊ အိုဆာကာ Universal Studio အနီးရှိ စက်ရုံမီးလောင် !!!

အိုဆာကာရဲ့ USJ အနီးမှာရှိတဲ့ စက်ရုံဧရိယာမှာမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

၁၁ ရက်နေ့ ညနေ ၃ နာခွဲလောက်မှာ အိုဆာကာမြို့ Konohana ရပ်ကွက်ရှိ စွန့်ပစ်ပစ္စည်း recycling company ကနေ “ စက်မီးလောင်နေပြီ” လို့ 119 ဆီအကြောင်းကြားလာပါတယ်။ gas burner သုံးတဲ့ကားကိုဖျက်ဆီးစဥ်အတွင်းမှာပဲ မီးထတောက်တာလို့မြင်ရပါတယ်။ ဒဏ်ရာရသူမရှိသေးဘူးလို့ သိရပါတယ်။ အဲ့ဒီနေရာကတော့ Universal Studio Japan နဲ့ ၁ ကီလိုမီတာအကွာမှာသာရှိတာဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: