(၁၁) ရက်နေ့ Chiba ခရိုင် Funabashi မြို့ ရှိဂိုဒေါင်တစ်ခုတွင်မီးလောင်မှုဖြစ်ပွားခဲ့ !!!

Chiba ခရိုင် Funabashi မြို့မှာ ဖြိုဖျက်လက်စဂိုထောင်တစ်ခုကနေမီးလောင်မှုဖြစ်ပွားပြီး လက်ရှိအချိန်အထိမီးငြိမ်သတ်မှုတွေလုပ်ဆောင်လျှက်ရှိပါတယ်။

 

၁၁ ရက်နေ့ ဂျပန်အချိန်နေ့လည် ၁ နာရီ ၁၅ မိနစ်လောက်မှာ Funabashi မြို့ Hamacho ရပ်ကွက်မှာ ဖြတ်သွားဖြတ်လာမိန်းကလေးတစ်ဦးထံကနေ “ ၃လွှာကနေ မီးခိုးငွေ့တွေထွက်နေတယ်” လို့ 119 ဆီဆက်သွယ်လာခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ပြောဆိုချက်အရ ၎င်းနေရာဟာဖြိုဖျက်လက်စဂိုထောင်ဖြစ်ပြီး လှေကားထစ်ကားစတဲ့မီးသတ်ကားပေါင်း ၁၃ ဦးထွက်ခွာပြီး မီးငြိမ်းသတ်မှုတွေလုပ်ဆောင်လျှက်ရှိပါတယ်။
အဲ့ဒီနေရာမှာ မြစ်ကြောင်းတစ်လျှောက်ဂိုထောင်တွေရှိတဲ့နေရာပါ။
ဒဏ်ရာရသူရှိမရှိတော့ မသိရသေးပါဘူး…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: