ဧကရာဇ်မိဖုရားကြီး Kunaichō ဆေးရုံသို့ ခွဲစိတ်မှုအပြီး တိုးတက်မှုအတည်ပြုချက်လာယူ !!!

ဂျပန်နိုင်ငံရဲ့ ဧကရာဇ်မိဖုရားကြီးဟာ ၁၁ ရက်နေ့မှာ Kunaichō ဆေးရုံသို့ရောက်လာခဲ့ပါတယ်။
မနှစ်ကပြုလုပ်ခဲ့ရတဲ့ မျက်စိအတွင်းတိမ်နဲ့ရင်သားကင်ဆာအတွက် ခွဲစိတ်ကုသမှုပြီးတဲ့နောက်အခြေအနေတိုးတက်မှုကို စစ်ဆေးအတည်ပြုဖို့ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဧကရာဇ်မိဖုရားကြီးဟာ ယနေ့မနက် ဂျပန်စံတော်ချိန် ၁၀း၃၀ မိနစ်လောက်မှာ ဇီဝဗေဒသုတေသနဌာနသို့သွားတဲ့ ဧကရာဇ်နဲ့အတူ ကားတစ်စီးတည်းမှာတွေ့ရပြီး ဧကရာဇ်အိမ်တော်သို့လည်ပတ်ကာ၊ Kunaichō ဆေးရုံသို့ရောက်လာခဲ့ပါတယ်။
ဧကရာဇ်မိဖုရားကြီးဟာ မနှစ်က ၆ လပိုင်းမှာ မျက်စိအတွင်းတိမ်ခွဲစိတ်မှုခံယူရပြီး၊ နောက်ထပ် ၉ လပိုင်းမှာတော့ ရင်သားကင်ဆာရဲ့ခွဲစိတ်ကုသမှုကိုပါခံယူရကာ, ဆေးရုံသို့အကြိမ်ပေါင်းများစွာသွားပြီး ခွဲစိတ်မှုအခြေနေတိုးတက်မှုရှိမရှိ လာရောက်အတည်ပြုခြင်းဖြစ်ပါတယ်။
Kunaichō ဆေးရုံအရ၊ ဧကရာဇ်တို့ဇနီးမောင်နှံနှစ်ဦးဟာ မနက်နဲ့ညနေခင်းအိမ်ရဲ့ဝန်းထဲမှာလမ်းလျှောက်ခြင်းစတဲ့ အေးဆေးစွာနဲ့နေထိုင်ဖြတ်သန်းကြပေမဲ့၊ ဧကရာဇ်နဲ့ပတ်သက်ပြီးတော့လည်း နောက်ပိုင်းကျန်းမာရေးအခြေအနေပြဿနာရှိမရှိစစ်ဆေးမှုနဲ့ စောင့်ရှောက်မှုတွေလုပ်သွားဖို့ အစီအစဥ်တွေချမှတ်ထားပါတယ်လို့ သိရပါတယ်။

လက်ရှိဂျပန်နိုင်ငံရဲ့ ဧကရာဇ်ကတော့ Naruhito ဧကရာဇ်ဖြစ်ပြီး၊ ခွဲစိတ်ကုသမှုခံယူထားရတဲ့ ဧကရာဇ်မိဖုရားကြီးကတော့ လက်ရှိဧကရာဇ်ရဲ့ မိခင်ပဲဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: