(၇)လပိုင်းမိုးကြီးမှုတွင် Oita စီရင်စုမှာပျောက်ဆုံးသွားတဲ့အမျိုးသားရဲ့ အလောင်းပြန်လည်တွေ့ရှိ !!!!

Kyushu ဒေသမှာ လူ ၈၀ ကျော်လောက်သေဆုံးခဲ့ရတဲ့ ၇ လပိုင်းမိုးကြီးရွာသွန်းမှုကြောင့်၊ Oita စီရင်စုတွင်းရှိ မြစ်ရေစီးကြောင်းသို့မျောပါပြီးပျောက်ဆုံးသွားတဲ့ အမျိုးသားရဲ့‌အလောင်းကို ပြန်လည်တွေ့ရှိပါပြီ။

ယခုလ ၈ ရက်နေ့၊ Oita မြို့မှာစီးဆင်းနေတဲ့ Oita မြစ်ရဲ့မြစ်ရေစီးမှုစစ်ဆေးခဲ့တဲ့ အမျိုးသားအလုပ်သမားတစ်ဦးဟာ လူအရိုးနဲ့တူတဲ့အရာတွေကိုတွေ့ရှိပြီး မသင်္ကာ၍အနီးအနားလိုက်ကြည့်တဲ့အခါ၊ အောက်မေးရိုးကိုပါ တွေ့ရှိခဲ့ပါတယ်။
ရဲအရာရှိများကလည်းစုံစမ်းနေပြီး သွားတွေရဲ့တည်ဆောက်ပုံအရ Oita စီရင်စု Yufu မြို့နေထိုင်သူ Watanabe Tomoki (၅၄ နှစ်) ရဲ့အရိုးစုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

Watanabe စံဟာ ထိုနေရာကနေ ၂၅ ကီလိုအကွာအဝေးရှိတဲ့ Hanaino မြစ်ပေါ်မှာကားနဲ့ ထွက်ခွာဖို့လုပ်တဲ့အချိန်၊ မိသားစု ၃ ဦးနဲ့အတူ ရေစီးကြောင်းနဲ့မျောပါသွားတယ်လို့ယူဆရပြီး အခြားမိသားစုဝင်တွေရဲ့အလောင်းကိုတော့ ရှာတွေ့ခဲ့ပြီးသားဖြစ်ပါတယ်။
(၇) လပိုင်းမိုးကြီးမှု သေးဆုံးသွားတဲ့လူတွေက Oita စီရင်စုတွင်း (၆) ဦးရှိကြောင်း သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: