Miyazaki စီရင်စုရှိ Shiiba ရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့ !!!!

Miyazaki စီရင်စုရှိ Shiiba ရွာမှာ မြေပြိုမှုဖြစ်သွားပြီး, လူနေအိမ်နဲ့ ဆောက်လုပ်ရေးကုမ္ပဏီက မြေပြိုမှုမှာပါသွားပြီး လူ ၁ ဦးဒဏ်ရာရကာ ၄ ဦးက အဆက်အသွယ်ပြတ်နေကြောင်းသိရပါတယ်။

လက်ရှိမှာတော့ လူ ၄ ဦးပျောက်ဆုံးနေကြောင်းသိရပါတယ်။ ထိုပျောက်ဆုံးနေသူ ၄ ဦးမှာ ဒဏ်ရာရသွားတဲ့ အသက် ၇၀ အရွယ်အမျိုးသားရဲ့ အမျိုးသမီးနဲ့ သားအကြီး၊ နောက်ပြီး ဗီယက်နမ်အလုပ်သမား ၂ ဦး၊ စုစုပေါင်းမှာ ထို ၄ ဦးဖြစ်ပါတယ်။
ဖြစ်ပွားတဲ့နေရာမှာ ပမာဏအမြောက်အများရှိတဲ့မြေသားတွေဟာ မြစ်ကြောင်းတစ်လျှောက်ပြိုကျလာခြင်းဖြစ်ပါတယ်။ သစ်ပင်တွေလဲကျတဲ့အပိုင်းအစတွေလည်းတွေ့ရပါတယ်။

 

သိရတဲ့သတင်းအရ (၇)ရက်နေ့ နံနက် ၆ နာရီလောက်မှာ မီးသတ်တပ်ဖွဲ့ဆီသို့ “ မြေပြိုမှုဖြစ်ကြောင်း” သတင်းဝင်လာပါတယ်။
အိမ်တစ်အိမ်နဲ့ သူရဲ့ဘေးချင်းကပ်ရပ်မှာပဲရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီရုံးရဲ့ ဂိုထောင်ဟာ မြေပြိုမှုထဲပါသွားခြင်းဖြစ်ပါတယ်။
အဲ့ဒီနေရာမှာ နောက်တစ်ကြိမ်ပြိုကျမှုလည်းဖြစ်နိုင်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအစမပြုနိုင်သေးပါဘူး။ သို့သော် မကြာခင်မှာပဲ ကယ်ဆယ်ရေးစလုပ်မယ်ဖြစ်ကြောင်းသိရပါတယ်။

မုန်တိုင်းပြီးနောက်အခြေနေများကိုလည်း ဆက်လက်တင်ပြသွားပါအုံးမယ်…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: