ကားထဲမှာ ၁၅ နာရီကြာထားခဲ့တဲ့ ကလေး ၂ ဦးသေဆုံး!!! မိခင်ကိုရဲဖမ်း !!!

၃ ရက်နေ့ Takamatsu မြို့ရှိ ကားထဲမှာထားခဲ့တဲ့ အသက်ငယ်ငယ်ညီမလေး ၂ ယောက် အပူလျှပ်ခြင်းသံသယနဲ့သေဆုံးလျှက်ရှိကြောင်းသိရပါတယ်။ ရဲအရာရှိများက အမေလုပ်သူအား ကလေး ၂ ယောက်ကို အရင်ညကတည်းကထားခဲ့ပြီးသေဆုံးစေတဲ့သံသယမှုကြောင့် ဖမ်းဆီးလိုက်ပါပြီ။

Takamatsu မြို့တွင်နေထိုင်သူ သံသယရှိသူ Mari Takeuchi (အလုပ်လက်မဲ့) ၂၆ နှစ်ဟာ (၂) ရက်နေ့ည ၉ နာရီလောက်ကနေ (၃) ရက်နေ့ ည ၀း၄၀ အချိန်ထိ ကားပါကင်ရှိ၊ရပ်ထားတဲ့ကားထဲမှာ သမီးကြီး Mayuri (6) နှစ်နဲ့၊ သမီးငယ် Yurie (3 ) နှစ်တို့ကို ထားခဲ့ပြီးသေဆုံးစေတယ်လို့ သံသယရှိပါတယ်။ ရဲဌာနက CCTV မှတ်တမ်းတွေကနေ သံသယရှိသူ Takeuchi ဟာစားသောက်ဆိုင်တွေမှာ ရှိခဲ့တာကို မှတ်တမ်းယူပြီးဖမ်းဆီးလိုက်ပါတယ်။ သံသယရှိသူ Takeuchi ဟာ လက်ရှိအချိန်ထိ ဖွင့်ဟပြောဆိုခြင်းမရှိသေးပါဘူး…ရဲအရာရှိများကတော့ ကားမှာအင်ဂျင်နဲ့lockချခဲ့သလားဆိုတာကို ဆက်လက်စုံစမ်းနေပါတယ်။

 

JAPO Myanmar

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: