တိုကျိုမြို့ (၃) ရက်နေ့ အသစ်ကူးစက်သူ ၂၁၁ ဦး အတည်ပြု !!!!

တိုကျိုမြို့ (၃) ရက်နေ့ကူးစက်လူနာ ၂၁၁ ဦးရှိကြောင်း အတည်ပြုလိုက်ပါပြီ။ ၅ ရက်မြောက်နေ့မှာတော့ ၂၀၀ ပြန်ကျော်လာပါပြီ..

အတည်ပြုခဲ့တဲ့ကူးစက်လူနာအသစ်တွေဟာ အသက် ၁၀ နှစ်အောက်ကနေ ၉၀ အထိ ၂၁၁ ဦးဖြစ်ပြီး အသက် ၂၀ ကနေ ၃၀ အထိတော့ တစ်ဝက်စီပါဝင်နေပါတယ်။
အသက်အလိုက်ကြည့်မယ်ဆိုရင်
၂၀ နှစ် = ၆၂ ဦး (အများဆုံး)
၃၀ နှစ် = ၄၅ ဦး
၄၀~၅၀ နှစ် = ၃၀ ဦး
၆၀~၉၀ နှစ် = ၂၈ ဦး
၁၀ နှစ်အောက် = ၁၆ ဦး တို့ပဲဖြစ်ပါတယ်။

https://news.tv-asahi.co.jp/news_society/articles/000192227.html

 

ရောဂါပြင်းထန်လက္ခဏာရှိသူတွေကတော့ ၂ ဦးသက်သာသွားတဲ့အတွက် ကျန်ရှိသူ ၂၇ ဦးပါ။
လက်ရှိအထိ ကူးစက်ခံရသူစုစုပေါင်းကတော့ ၂၁,၃၄၀ ဦးဖြစ်ပါတယ်။ ၃ ရက်နေ့ တိုကျိုမြို့ကူးစက်လူနာအခြေအနေအတွက် စည်းဝေးပွဲကျင်းပပြီး တိုကျိုမြို့အုပ်ချုပ်ရေးမှူး Koike ဟာ ကူးစက်လူနာအသစ်ရဲ့အရေအတွက်ဟာ အရင်လောက်မများတော့ပေမဲ့၊ ရာခိုင်နှုန်းမြင့်နေသေးတယ်။ နောက်တစ်ကြိမ်ပြန်လည်များလာနိုင်တဲ့အတွက် သတိဝီရိယရှိကြဖို့ နှိုးဆော်ထားပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: