Mitsubishi Motors ၏ဥက္ကဌဟောင်း Osamu Masuko ကွယ်လွန်သွားခဲ့ပြီ !!!!!

ဂျပန်ကားလောကထဲမှာ Mitsubishi Motors ဟာလည်းဆရာတစ်ဆူပါပဲ။
အဲ့ဒီလို Mitsubishi ဟာ ကိုယ်ထည်တောင့်ပြီး ကြံ့ခိုင်တဲ့အမျိုးအစားထဲမှာပါဝင်ပါတယ်။
Nissan, Renault စတဲ့ကားကုမ္ပဏီတွေနဲ့မဟာမိတ်ဖွဲ့ပူးပေါင်းထားပြီး အဓိကအခန်းကဏ္ဍကနေပါဝင်လာတဲ့ Mitsubishi Motors ရဲ့ ဥက္ကဌဟောင်းဖြစ်သူ Osamu Masuko ကတော့ ကွယ်လွန်သွားပါပြီ။

https://imgx.gridoto.com/crop/59×0:1377×774/700×465/filters:watermark(file/2017/gridoto/img/watermark_otomotifnet.png,5,5,60)/photo/2020/08/07/4193871342.png

 

ဥက္ကဌဟောင်း Masuko ဟာ Mitsubishi Motors က စီးပွားရေးအကျပ်အတည်းကျရောက်ချိန် ၂၀၀၅ ခုနှစ်မှာ ဥက္ကဌအဖြစ်တက်လာပြီး ခန့်မှန်းရမိသလောက် ၁၅ နှစ်ကြာ စီးပွားရေးပြန်လည်ထူထောင်နိုင်လာအောင် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာတွေ့ကြုံရတဲ့ လောင်စာဆီစီးပွားရေးမမှန်မကန်လုပ်မှုပြဿနာအရှုပ်အရှင်းကနေ ယုံကြည်မှုပြန်လည်ရရှိရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တာအပြင်၊
Nissan Motor နဲ့ Renault France တို့နဲ့ ကုမ္ပဏီ ၃ ခုမဟာမိတ်ဖွဲ့ထားတဲ့အချိန်
Nissan ဥက္ကဌဟောင်း Ghosn အဖမ်းခံရပြီးနောက် စီမံခန့်ခွဲမှုတွေမှာ အဓိကအခန်းကဏ္ဍကနေပါဝင်လာခဲ့ပါတယ်။

 

ဥက္ကဌဟောင်း Masuko ဟာ ပြီးခဲ့တဲ့လ ၇ ရက်နေ့က ကျန်းမာရေးအားနည်းလာမှုကြောင့် ဆေးကုသမှုခံယူဖို့ ဥက္ကဌရာထူးမှ နှုတ်ထွက်သွားခဲ့ပေမဲ့ ကျန်ခဲ့တဲ့ (၂၇) ရက်နေ့ Masuko အသက် (၇၁) နှစ်မှာပဲ နှလုံးရောဂါနဲ့ပဲကွယ်လွန်သွားပြီဖြစ်ကြောင်း Mitsubishi Motors ကော်ပိုရေးရှင်းရဲ့ တရားဝင်အသိပေးခြင်းနဲ့အတူ ဂျပန်သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: