တိုကျိုမြို့၊ Sumida ရပ်ကွက်ရှိ မူလတန်းကျောင်းမှာ ကလေး ၉ ဦး အပူလျှပ်သွားခဲ့ !!!

တိုကျိုမြို့၊ Sumida ရပ်ကွက်ရှိ မူလတန်းကျောင်းမှာ မူလတန်း ၆ နှစ်မြောက် ကလေး ၉ ဦး၊ အပူလျှပ်သွားတဲ့လက္ခဏာကြောင့် ဆေးကုသမှုပြန်လည်ခံယူလျှက်ရှိပါတယ်။ အားလုံးရဲ့အခြေအနေက အပြင်းစားမဟုတ်ဘူးလို့သိရပါတယ်။

 

https://news.tv-asahi.co.jp/news_society/articles/000192036.html

မြို့နယ်ရဲတပ်ဖွဲ့အဆိုအရ၊ ၁ ရက်နေ့ နံနက် ၁၁း၀၀ လောက်မှာ၊ Sumida ရပ်ကွက် Daini Terashima Elementary School (墨田区立第二寺島小学校)မှာ “ ကလေး ၉ ယောက်ဟာ နေမကောင်းဖြစ်လာတယ်” လို့ 119 call ဝင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာ ကာယလေ့ကျင့်ခန်းအချိန်ဖြစ်ပြီး မြေပြင်မှာပြေးနေကြစဥ်၊  ၆ နှစ်မြောက် ကလေး ၉ ယောက်မှာ အပူလျှပ်တဲ့လက္ခဏာတွေတွေ့လာရပြီး အဲ့ဒီထဲက ၆ ယောက်ကိုဆေးရုံပို့လိုက်ရပါတယ်။

အားလုံး အပြင်းစားလက္ခဏာမဟုတ်ဘူးလို့သိရပါတယ်။ တိုကျိုမြို့တွင်းမှာတော့ နံနက် ၁၁း၀၀ လောက်မှာပင် အပူချိန် 26.5°C ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: