Made in China စက်ရုပ်တို့ရဲ့ လျှို့ဝှက်ချက် !!!!

စက်ရုံတွေမှာအလုပ်လုပ်ကြတဲ့ စက်ရုပ်တွေက မြန်လည်းမြန်သလို၊ ကိုယ်တိုင်ကားမောင်းနိုင်ခြင်းနဲ့၊ နေရာတိုင်းမှာ AI ကိုထည့်သွင်းထားတာကြောင့် စက်ရုပ်လောကဟာ တစ်စနဲ့တစ်စတိုးတက်လာတာကို မြင်တွေ့ရပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာအားဖြင့်ကြည့်ရင် လူသားတွေရဲ့အလုပ်ကိုလုယူမယ့် စက်ရုပ်တွေ ပဲဖြစ်ပါတယ်။

ဒီအရွေ့ကလပေါင်းအနည်းငယ်ကျော်မှာပဲ အရှိန်မြင့်တက်လာပါတယ်။ အကြောင်းအရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပါ….
လူနာကိုထိတွေ့မယ်ဆို ၊ ဆေးရုံဝန်ထမ်းတွေလည်း ကူးစက်နိုင်ချေရှိတာကြောင့် သူနာပြုစက်ရုပ်တွေက ကမ္ဘာတစ်ဝှမ်းကျယ်ပြန့်လာပါတယ်။
ဒါကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ဆေးရုံမှာ အလုပ်လုပ်နေကြတဲ့ သူနာပြုစက်ရုပ်တွေပါ…

 

https://roboteer-tokyo.com/archives/11694

 

Made in China ပါ….

ရှန်ဟိုင်းမှာရှိတဲ့ ဒီစက်ရုပ်ရဲ့ ထုတ်လုပ်တဲ့စက်ရုံမှာတော့ အမျိုးအစား ၂ မျိုးနဲ့ထုတ်လုပ်ပြီး၊ ရိုးရိုးပုံစံက ဆေးနဲ့အစားအစာကို လူနာထံသို့ပို့ပေးနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။
အဆင့်မြင့်ပုံစံကတော့ ဆေးရုံတွင်းရဲ့ ပိုးသတ်ဆေးဖြန်းမှုနဲ့အတူ၊ လူနာတွေရဲ့အခြေအနေလှည့်ပတ်ကြည့်ရှုခြင်းများကိုပါ လုပ်ဆောင်နိုင်ပါတယ်။
ဥရောပအထိပါတွင်တွင်ကျယ်ကျယ်အသုံးပြုပါတယ်။ ရောင်းချတဲ့ဈေးကတော့ သာမန်အမျိုးအစားက ယူရို ၁၃,၀၀၀ ဖြစ်ပြီး၊ အဆင့်မြင့်အမျိုးအစားကတော့ ယူရို ၄၀,၀၀၀ ပါတဲ့…

ဒီလိုဈေးနှုန်းသတ်မှတ်ချက်တွေရှိပေမဲ့၊ လုပ်သားအင်အားမလုံလောက်မှုနဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးထိန်းသိမ်းဖို့အတွက် ဝယ်ယူရတဲ့ဆေးရုံက ဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးလို့ပြောလာပါတယ်။
ဒီပုံအတိုင်းပဲ ဘိုးဘွားရိပ်သာတွေမှာလည်း ဝယ်ယူမှုတွေတောင် ပိုပြီးများလာပုံရပါတယ်။

ဒီစက်ရုပ်ကိုမကန့်သတ်ထားဘဲ စက်ရုပ်နယ်ပယ်မှာတရုတ်တို့ရဲ့အရှိန်အဟုန်ဟာ မရပ်မနားအားကောင်းလျှက်ရှိပါတယ်။
မူလစက်ရုပ်ထုတ်လုပ်မှုမှာ ဂျပန်ကဦးဆောင်ခဲ့ပေမဲ့၊ ၂၀၁၁ ခုနှစ်လောက်မှာစပြီး တရုတ်ဟာ ကမ္ဘာ့အကြီးဆုံးစက်ရုပ်ထုတ်လုပ်တဲ့နိုင်ငံဖြစ်သွားကာ၊ ၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာလုံးဆိုင်ရာစက်ရုပ်ဈေးကွက်ရဲ့ ရှယ်ယာ ၄ ပုံ ၁ ပုံကို သိမ်းပိုက်နိုင်သွားပါတယ်။

စက်ရုပ်တွေရဲ့လိုအပ်မှုဟာ နောက်ပိုင်း စားသောက်ဆိုင်တွေနဲ့အရောင်းဌာနတွေအပါအဝင်၊ သိသိသာသာများလာမယ်လို့မြင်ရပြီး၊ ဒီအထိ ပထမ၊ဒုတိယနေရာကို ယှဥ်ပြိုင်ခဲ့တဲ့ ဂျပန်နဲ့အမေရိကန်အတွက် တရုတ်ရဲ့ အောင်မြင်မှုဟာ ကြီးမားတဲ့ပြဿနာဖြစ်လာပါတော့တယ်။

ဒါပေမဲ့ တရုတ်ရဲ့ စက်ရုပ်ထုတ်လုပ်မှုဟာ တကယ်တော့ အတွင်းပိုင်းမှာဘာမှမရှိပါဘူး။
စက်ရုပ်ထုတ်လုပ်မှုမှာ အမျိုးမျိုးသောနည်းပညာမူပိုင်ခွင့်လိုအပ်ပါတယ်။
စက်ရုပ်နဲ့သက်ဆိုင်တဲ့မူပိုင်ခွင့်မှာ ဂျပန်က 43% နဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားလျှက်ရှိပါတယ်။

ဒုတိယက အမေရိကန် 20%။ ဒီကွာခြားမှုကတော်တော်လေးကြီးတာကို နားလည်နိုင်ပါတယ်။
တတိယ ကိုရီးယား 12.7%
ပြီးတော့မှ တရုတ် 9.7% တို့ပဲဖြစ်ပါတယ်။

နောက်ပြီးစက်ရုပ်ထုတ်လုပ်မှုရဲ့အရေးကြီးဆုံးနေရာ၊ ဆန်းသစ်တဲ့အပိုင်းတွေနဲ့ Module နဲ့သက်ဆိုင်တဲ့မူပိုင်ခွင့်ကို
ကြည့်လိုက်မယ်ဆိုရင် ဂျပန်ကုမ္ပဏီတွေရဲ့ ကြီးမားတဲ့ ရှယ်ယာတွေကို မြင်လာရပါတယ်။

FANUC – 20.2%
Yaskawa Electric Corporation – 15.9%
Honda – 13.6%

ဂျပန်စက်ရုပ်လောကရဲ့ အဓိက ကုမ္ပဏီ ၃ ခုနဲ့တင် 50% ထက်ကျော်တဲ့ ရှယ်ယာတွေပိုင်ဆိုင်ထားပါတယ်။
ဒီ့အပြင်လည်း

Seiko Epson – 6.9%
Panasonic – 5%
Sony – 4.9%
Mitsubishi – 3.7%

ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကုမ္ပဏီ ၁၀ ခုထဲမှာ ကိုရီးယားရဲ့ Samsung (9%) ကလွဲပြီး ကျန်တာတွေဟာ ဂျပန်ကုမ္ပဏီတွေပဲဖြစ်ပါတယ်။

ကမ္ဘာမှာအလျင်အမြန်နဲ့ထိုးတက်လာတဲ့ တရုတ်ထုတ်စက်ရုပ်တွေဟာလည်း ဂျပန်နည်းပညာနဲ့၊ကုန်ပစ္စည်းတွေကိုပဲ အသုံးပြုထားတာကြောင့် အပြင်ပိုင်းကြည့်ရင်တော့ တရုတ်ထုတ်လို့ပြောနိုင်ပေမဲ့၊ အထဲမှာတော့ ဂျပန် made လို့ပြောရင် ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပါ..

နည်းပညာသတင်းအချက်အလက်အတွက်ရည်ရွယ်ပြီး နေ့တိုင်းလိုလို ဂျပန်ရဲ့ကုမ္ပဏီတွေဟာ တရုတ်ဘက်ကနေ Cyber attack လုပ်ခြင်းခံရလျှက်ရှိပါတယ်။

ဂျပန်ဟာ top ရှယ်ယာတွေကိုဆက်ပြီးထိန်းသိမ်းသွားနိုင်ပါ့မလား?
ကျွန်တော်ကတော့ စက်ရုပ်တွေရှိလာတော့မယ့်အနာဂတ်ကို ကြိုတင်မှန်းဆရင်း၊ အာဏာအရှိဆုံးနေရာအတွက် ယှဥ်ပြိုင်တိုက်ခိုက်မှုကို သေသေချာချာလေးစောင့်ကြည့်သွားချင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: